သထုံမြို့နယ်၊ ကြာပန်းရွှေသံလွင်တိုးဂိတ်တွင် ယာဉ်စစ်/ပိတ်ဆို့စစ်ဆေးနေစဉ် လက်နက်ခဲယမ်းများရှာဖွေဖမ်းဆီးရမိ


(ပြည်တွင်း) ဇူလိုင် ၆

ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းရွှေသံလွင်တိုးဂိတ်တွင် ယာဉ်စစ်/ပိတ်ဆို့စစ်ဆေးနေစဉ် ဘားအံမြို့ဘက်မှ သထုံမြို့ဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ်-YGN-7-4P-5792 ၊ Honda Fit အမျိုးအစား၊ အနက်ရောင်၊ ယာဉ်ကိုစစ်ဆေးခဲ့ရာ လက်နက်နှင့် ခဲယမ်းများ စစ်ဆေးတွေ့ရှိကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဉ်မှ ယာဉ်မောင်း အောင်ကျော်မိုး၊ အသက် ၄၆ နှစ်၊ (ဘ)ဦးစံဝင်း၊ သိမ်ဇရပ်မြို့၊ ကျိုက်ထိုမြို့နယ်နေသူနှင့် ယာဉ်အတွင်းသယ်ဆောင် လာသောလက်နက်ခဲယမ်းများကို သိမ်းဆည်းကာ ဥပဒေနှင့်အညီ ဆက်လက်အရေယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

အဆိုပါ ယာဉ်ပေါ်သယ်ဆောင်လာသောလက်နက်နှင့် ခဲယမ်းများမှာ တူရဂီနိုင်ငံထုတ် Glock အမျိုးအစား ပစ္စတို ၁ လက်၊ ၎င်းကျည် ၁၀ တောင့်၊ အမေရိကန်နိုင်ငံထုတ် Police Shotgun Model Ten ၉ လုံးကျည် အမျိုးအစား ၁ လက်၊ ၎င်းကျည် ၁၀ တောင့်နှင့်အဆိုပါတရားခံ အောင်ကျော်မိုးကို တာဝန်ရှိသူအဆင့်ဆင့်မှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ