မြန်မာအကြမ်းဖက်သောင်းကျန်းသူများထံပို့ဆောင်မည့် လက်နက်များ ထိုင်းတွင်ဖမ်းမိ

(နိုင်ငံတကာ) ဇူလိုင်

မြန်မာနိုင်ငံအတွင်းမှာရှိသည့်အကြမ်းဖက်သောင်းကျန်းသူများထံပို့ဆောင်မည့် လက်နက်ခဲယမ်းတွေကို ထိုင်းရဲဖွဲ့မှ မဲဆောက်မြို့တွင်ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင်လ ၅ ရက်နေ့က ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့အဝင်ဂိတ်မှာ Isuzu ပစ်ကပ်ထရပ်ကားဖြင့်တင်ဆောင်လာသည့် လက်နက်များကို ရဲတပ်ဖွဲဝင်များမှ ဖမ်းဆီးခဲ့ကြခြင်းဖြစ်သည်။

ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံ ပို့ဆောင်မယ့် လက်နက်ခဲယမ်းတွေ လက်နက်ခဲယမ်းမျမှာ M-4 အမျိုးအစား သေနတ် အလက်၂၀ ၊ ကျည်ဘောက် ၂၀ ခု၊ မှန်ဘီလူး အခု ၂၀ တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါလက်နက်များအား နခွန်ပထုံခရိုင်၊ဘန်လင်မြို့တွင်နေသည့် ထိုင်းနိုင်ငံသား ခယုဖုံအား မဲဆောက်မြို့တွင်နေထိုင်သည့် မြန်မာနိုင်ငံသားတစ်ဦးမှ ဘတ်ငွေ (၂၀၀၀၀) ဖြင့် ငှားရမ်းခိုင်းစေခဲ့ခြင်းကြောင့် နခွန်းပထုံခရိုင်၊ ဘာန်လင်မြို့က အော့ ဆိုသူထံမှ M-4 သေနတ် အလက် (၂၀) နဲ့ ဆက်စပ်ပစ္စည်းတွေ ယူဆောင်လာတာဖြစ်တယ်လို့ ထိုင်းနိုင်ငံသား ခယုဖုံ ၏ထွက်ဆိုချက်များအရ သိရသည်။

မြန်မာအစိုးရတာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံတာဝန်ရှိသူများ နှစ်ဖက်အပြန်အလှန်သွားရောက် ဆွေးနွေးမှုတွေအပြီး ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ စစ်သုံးပစ္စည်း စစ်လက်နက်များကို ထိုင်းအစိုးရဘက်မှ ဖမ်းဆီးမှုများဆက်တိုက်ရှိလာသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့တွင်လည်း ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့က မဲတောင်ရပ်ကွက်အတွင်းက နေအိမ်တလုံးကို ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် နယ်စပ်ခြားစောင်တပ်တွေများက ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ရာ စစ်သုံးလက်နက်မျိုးစုံ ၃၃ လက် အေကေ ၄၇ လက်၊ စက်လတ်-အမ် ၁၆၊ ရိုင်ဖယ်-အမ် ၇၉ လောင်ချာအပြင် အသံတိတ်ကိရိယာ တတ်ဆင်ထားသည့် ရိုင်ဖယ်များ လက်နက်မျိုးစုံရဲ့ ကျည်ဆံ အမြောက်အများနှင့် လက်ပစ်ဗုံးများ စစ်ရေးပစ္စည်းများကို ထိုင်းရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခဲ့ရမိခဲ့ကြောင်း ထိုင်းဘက်ကလာသည့်သတင်းများအရ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်အတွင်းက နေအိမ်တစ်အိမ်တွင် လက်နက်ခဲယမ်းပြု​​ပြင်နေသည့် အမျိုးသားတစ်ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အခုလို ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး နှစ်နိုင်ငံနယ်စပ်တွင် ဖမ်းဆီးခဲ့သည့် စစ်သုံးလက်နက်ပစ္စည်းများသည် ထိုင်း – မြန်မာ နှစ်နိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာနှင့် သက်ဆိုင်နေသည့်အတွက်ကြောင့် မိမိတို့အနေဖြင့် ထိုင်းနိုင်ငံအတွင်းနှင့်တစ်ဘက်နိုင်ငံတွင်းမှာပါ အမျိုးသားလုံခြုံရေးထိခိုက်စေမည့် လုပ်ရပ်များအား ခွင့်ပြုမည် မဟုတ်ကြောင်း ထိုင်းအာဏာပိုင်မျာယမှ သတင်းထုတ်ပြန်ထားကြောင်းသိရသည်။