မုံရွာမြို့ နန္ဒဝန်ရပ်ကွက်တွင် ကားကိုလုယူ၍ ထွက်ပြေးသွားသော အကြမ်းဖက် PDF အလောင်းနှင့် လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


(ပြည်တွင်း) ဇူလိုင် ၆

ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ ဗိုလ်တေဇလမ်း၊ ကြယ်စင်မင်းဆီဆိုင်အနီးတွင် ယာဉ် ၁ စီးကို အကြမ်း ဖက်သမားက ဓားပြတိုက်၍ ယူဆောင်သွားကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးအဖွဲ့များက ပိတ်ဆို့ရှင်း လင်းခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ ပစ်ခတ်ဖမ်းဆီးရာ အကြမ်းဖက် PDF ၁ လောင်း၊ ပစ္စတိုသေနတ် ၁ လက်၊ ငွေကျပ် သိန်း ၆၀၀ ကျော်နှင့်အတူ သိမ်းဆည်းရမိကြောင်း သိရသည်။

မုံရွာမြို့ပေါ်တွင် မကြာခဏအနုကြမ်းစီးမှုများ၊ ရွှေဆိုင်ဓာပြတိုက်မှုများ၊ ပြန်ပေးဆွဲဖမ်းဆီးမှုများ၊ အုပ်စုဖွဲ့မုဒိမ်းကျင့်မှုများနှင့် ‌မီးဖွားလုနီးပါးကိုယ်ဝန်ဆောင် အမျိုးသမီးကို ပစ်သတ်၍ နေအိမ်ရှိလက်ဝတ်ရတနာများနှင့် ဆိုင်ကယ်ကိုလုယူသွားမှု စသည့်နာမည်ဆိုးနှင့် ကျော်ကြားနေသော မုံရွာမြို့ဖြစ်ကြောင်း လူမှုကွန်ယက်များပေါ်တွင် နာမည်ကြီးမြို့များထဲ မြို့တမြို့ဖြစ်ကြောင်း သတင်းမှတ်တမ်းများအရသိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ