တောင်ယာတဲ၌ အလုပ်လုပ်ကိုင်နေသော အပစ်မဲ့ပြည်သူတစ်ဦးအား အကြမ်းဖက် PDF ၄ ဦးမှသတ်ဖြတ်


(ပြည်တွင်း) ဇူလိုင် ၆

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)နတ္တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းကျေးရွာ အုပ်စု၊ သိမ်ကုန်းကျေးရွာတွင် ၂ နာရီ ၃၀ မိနစ်ချိန်ခန့်က အကြမ်းဖက် PDF ၄ ဦးမှ တောင်ယာတဲ၌ အလုပ်လုပ်ကိုင်နေသော အပစ်မဲ့ပြည်သူတစ်ဦးအား သတ်ဖြတ်သွားကြောင်း သိရှိရသည်။

သိမ်ကုန်းကျေးရွာနေ ဦးရဲမင်းဌေး(ခ)ဂျင်မီ၊ အသက် ၄၁ နှစ်၊ (ဘ)ဦးစိုးဟန်(ကျေးရွာအုပ်ချုပ်ရေးမှူး)သည် ၎င်း၏တောင်ယာတဲ၌ရှိနေစဉ်အကြမ်းဖက် PDF ၄ ဦးမှ ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ၁ ချက်ပစ်ခတ်ခဲ့ရာ ဦးရဲမင်းဌေး(ခ)ဂျင်မီ တွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး နေရာတွင်ပင် သေဆုံးသွား ခဲ့ရကြောင်း သိရှိရသည်။

ဦးရဲမင်းဌေး(ခ)ဂျင်မီသည် နယ်မြေအခြေ အနေအရ ၂၀၂၂ ခုနှစ်ခန့်တွင် ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းကျေးရွာမှ မှတ်တိုင်ကျေးရွာ၊ အမှတ်(၁)ရပ်ကွက်သို့ မိသားစုနှင့် အတူပြောင်းရွှေ့ နေထိုင်ခဲ့ပြီး ၂၀၂၄ ဇူလိုင် ၂ ရက်နေ့တွင် ၎င်း၏လယ်အားစိုက်ပျိုးရန်အတွက် တစ်ဦးတည်း သိမ်ကုန်းကျေးရွာသို့ ပြန်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ