“ရူပီးနဲ့ကျပ်ငွေ တိုက်ရိုက်ပေးချေမှု စတင်ဆောင်နိုင်ပြီဖြစ်ကြောင်းထုတ်ပြန်”
(ပြည်တွင်း)ဇူလိုင် ၅
ရူပီးနဲ့ကျပ်ငွေ ကုန်သွယ်မှုပေးချေရေးယန္တရားကို စတင်ဆောင်ရွက်နေပြီး ပဲမျိုးစုံတင်ပိုမှုအတွက် ရူပီးတစ်ကုဋေ ကျော် ပေးချေထားတယ်လို မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးက ထုတ်ပြန်ပါတယ်။
ကုန်သွယ်ရေးငွေပေးချေမှုမှာ ပထမဆုံးအကြိမ် ရူပီးနဲ့ကျပ်ငွေ တိုက်ရိုက်ငွေပေးချေမှုအဖြစ် ပဲမျိုးစုံတင်ပိုမှုအတွက် ရူပီး တစ်ကုဋေကျော်ကို ပန်ဂျပ်အမျိုးသားဘဏ် ရန်ကုန်ရုံးကနေ ဇူလိုင်လ ၂ ရက်က အောင်မြင်စွာဆောင်ရွက်ခဲ့တယ်လို ဆိုပါတယ်။ ရူပီးနဲ့ကျပ်ငွေ ပေးချေရေးယန္တရားမှာ အကျိုးရှိစေဖို နှစ်ဖက်စလုံးက စီးပွားရေးလုပ်ငန်းတွေကို တိုက်တွန်း ထားတယ်လိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှုမှာ ရူပီး၊ ကျပ် တိုက်ရိုက် ပေးချေမှုကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ နှစ်နိုင်ငံအကြား သံတမန်လမ်းကြောင်းကတစ်ဆင့် အိန္ဒိယနိုင်ငံသံရုံးနဲ့ အိန္ဒိယနိုင်ငံဗဟိုဘဏ်(RBI)နဲ့ ဆွေးနွေးညှိနှိင်းမှု တွေပြုလုပ်ပြီး ကုန်သည်ကြီးတွေအနေနဲ့ ငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုအတွက် ရူပီးနဲ့လိုင်စင် လျှောက်ထားပြီး ဘဏ်လမ်းကြောင်းက တစ်ဆင့် တရားဝင်အသုံးပြုနိုင်မှာဖြစ်တယ်လို မြန်မာနိုင်ငံဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားထားပါတယ်။ ရူပီး-ကျပ် တိုက်ရိုက်ပေးချေမှုအတွက် မြန်မာနိုင်ငံဘက်က CB နဲ့ UAB ဘဏ်တွေကို ခွင့်ပြုပေး ထားပြီး အိန္ဒိယဘက်က ပန်ဂျပ်အမျိုးသားဘဏ်ကို ခွင့်ပြုပေးထားတာဖြစ်တယ်လို ဗဟိုဘဏ်ကနေ သိရပါတယ်။

#PAN