သြဇာတောကျေးရွာ အုပ်ချုပ်ရေးမှူးအား အကြမ်းဖက်PDFအဖွဲ့မှ ရက်ရက်စက်စက် သတ်ဖြတ်ပြီး ဖုန်းနှစ်လုံးနှင့်ဆိုင်ကယ်တစ်စီး ယူဆောင်သွား

(ပြည်တွင်း) ဇူလိုင်၅

မကွေးတိုင်းဒေသကြီး၊ချောက်မြို့နယ် ဩဇာတောကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်ရှေ့သို့ အကြမ်းဖက် ကျား ၅ဦး သေနတ် အတို ရှည် ကိုယ်စီဖြင့် ‌ဆိုင်ကယ်၂စီးနှင့် နေအိမ်သို့ ဝင်ရောက်ပြီး သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့ ည၈နာရီ၂၀မိနစ်အချိန်ခန့်က သြဇာတောကျေးရွာအုပ်ချုပ်ရေးမှူးဦးကျော်ကျော် (ခ)ဦးတင်ငွေ နှင့် ရွာသား ဦးခင်မောင်သိန်းတို့မှာ နေအိမ်အောက်တွင် ထိုင်နေစဥ် အကြမ်းဖက် ကျား ၅ဦး သေနတ် အတို ရှည် ကိုယ်စီဖြင့် ‌ဆိုင်ကယ်၂စီးနှင့် နေအိမ်သို့ ဝင်ရောက်လာပြီး ” ငါ့တို့က PDF တွေ ဒလန်မလုပ်နဲ့ “ပြောဆိုပြီး အုပ်ချုပ်ရေးမှူးအား သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားကြောင်း သိရသည်။

အဆိုပါ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူးဦးကျော်ကျော် (ခ)ဦးတင်ငွေတွင် ဝဲဦးခေါင်းဖောက်ဝင်ဒဏ်ရာ ၁ ချက်ဝဲ‌နံ‌ဘေး ဓားဒဏ်ရာ ၄ ချက် ရင်ဘတ် ဖောက်ဝင်ဖောက်ထွက် ၂ချက် ညာဘက်ပေါင် ဖောက်ဝင်ဖောက်ထွက် ၁ချက် ဝမ်ဗိုက်ဖောက်ဝင် ၁ ချက်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ၊အလောင်းအား ချောက်ပြည်သူ့ဆေးရုံးသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်များသည် အုပ်ချုပ်ရေးမှူးဦးကျော်ကျော်ပိုင်ဆိုင်သည့် Hawai ဖုန်းအမျိုးအစား ၁ လုံး Vivo ဖုန်းအမျိုးအစား၁လုံးတို့နှင့် Dayang ဆိုင်ကယ် ၁စီး ယူဆောင်သွားပြီး ‌ရွာ‌အနောက်သို့ လင်းတကိုင်း/ညောင်ကြပ်ပင်ရွာဘက်သို့ ထွက်ခွာသွားကြောင်း ၊အခင်းဖြစ်နေရာတွင် .22 ကျည်ခွံ13တောင့် 99မမကျည်ခွံ 2တောင့် ကျည်အ2တောင့် တွေ့ရှိရပြီး အဆိုပါအကြမ်းဖက်များ ထွက်ခွာသွားသည့် လမ်းကြောင်းအတိုင်း လုံခြုံရေးအဖွဲ့မှ လိုက်လံရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိိသည်။

#PAN #ZN