သန်လျင်မြို့နယ်တွင် ဆေးခြောက်ရောင်းချနေသူများအား ဖမ်းဆီးရမိ

(ပြည်တွင်း) ဇူလိုင်၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာ၊ နယ်မြေ(၁)၊ ဗိုလ်ချုပ်ရွာဝ၊ ဘုရားလေးအရှေ့ဆိုင်ကယ်ကယ်ရီဂိတ်တွင် အမျိုးသာတစ်ဦး ဆေးခြောက်များရောင်းချနေကြောင်း တာဝန်သိပြည်သူတစ်ဦး၏သတင်းပေးမှုအရ နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂ ရက်နေ့​ ညနေ ၆နာရီ၅၀မိနစ်အချိန်ခန့်က ဘုရားလေးအရှေ့ဆိုင်ကယ်ကယ်ရီဂိတ်တွင် Haojue-110အမျိုးအစား၊ အနီရောင်ဘေးတွဲဆိုင်ကယ်ပေါ်တွင် ထိုင်နေသည့် အမျိုးသားတစ်ဦးမှာထိုင်နေသည်ကိုတွေ့ရှိရသဖြင့် လုံခြုံရေးအဖွဲ့မှ စစ်ဆေးမေးမြန်းရာ ဆက်လက်စစ်ဆေးရှာဖွေရာကြကြောင်း သိရသည်။

ဘေးတွဲဆိုင်ကယ်ပေါ်တွင်ထိုင်နေသူမှာ နေမျိုးဦး(ခ)နေမျိုးဖြစ်ပြီး ၄င်းထိုင်နေသည့် ဘေးတွဲဆိုင်ကယ်၏ ရှေ့ဖင်ထိုင်ခုံအောက်မှ အဖြူရောင်ပလပ်စတစ်ကပ်ခွာအိတ်ဖြင့်ထည့်ထားသည့် ကပ်ခွာအိတ်(၁)ထုပ်လျှင် အလေးချိန်(၆)ဂရမ်ခန့်ပါဆေးခြောက်ဟုယူဆရသည့် အရိုး/အရွက်/အစေ့များပါအထုပ်(၂ဝ)ထုပ်၊ စုစုပေါင်းအလေးချိန်(၁၂၀)ဂရမ်ခန့်၊ဆေးခြောက်(၁)ဂရမ်လျှင် ကာလတန်ဖိုးငွေ(၁၀၀၀)ကျပ်၊ စုစုပေါင်းကာလတန်ဖိုးငွေ(၁၂၀၀၀၀)ကျပ်အားအနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်ထားသည်ကိုရှာဖွေတွေ့ရှိခဲ့ကြကြောင်း သိရသည်။

နေမျိုးဦး(ခ)နေမျိုးဆိုသူအား စစ်ဆေးပေါ်ပေါက်ချက်အရ ၄င်းလက်ဝယ်တွင်သိမ်းဆည်းရမိသော အရိုး/အရွက်/အစေ့များပါဆေးခြောက်များသည် သန်လျင်မြို့၊ ညောင်းသုံးပင်ကျေးရွာ၊ မြစံပယ်လမ်းမကြီးလမ်းသွယ်၊ အမှတ်-၁၀၅၈နေမခင်မြတ်မြတ်မိုး(ခ)မိုးမိုးထံမှဝယ်ယူလာသော ဆေးခြောက်များဖြစ်ကြောင်းသိရှိရသည့်အတွက် လုံခြုံရေးအဖွဲ့များသည် ဆက်စပ်တရားခံမခင်မြတ်မြတ်မိုး(ခ)မိုးမိုး၏နေအိမ်သို့ ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ရာ အဆိုပါနေအိမ်အရောက်နေအိမ်ရှေ့ခန်း၌ ၄င်း၏ခင်ပွန်းဖြစ်သူ အောင်မျိုးမင်းနှင့် မခင်မြတ်မြတ်မိုး(ခ)မိုးမိုးတို့(၂)ဦးအားတွေ့ရှိရပြီးဆက်လက်ရှာဖွေရာ အောင်မျိုးမင်း၏ ယာဘက်လက်အတွင်းရှိ အနက်ရောင်ကြွပ်ကြွပ်အိတ်အသေးအတွင်းမှ အဖြူရောင်ပလပ်စတစ်ကပ်ခွာအိတ်ဖြင့်ထည့်လျက် ကပ်ခွာအိတ်(၁)ထုပ်လျှင် အလေးချိန်(၄)ဂရမ်ခန့်ပါ ဆေးခြောက်ဟုယူဆရသည့် အရိုး/အရွက်/အစေ့များပါအထုပ်(၂)ထုပ်၊ စုစုပေါင်းအလေးချိန်(၈)ဂရမ်ခန့်အားလည်းကောင်း၊ဆက်လက်ရှာဖွေရာ နေအိမ်နောက်ဖေးတံခါးအနီးသစ်သားကွပ်ပျစ်ပေါ်မှ အနက်ရောင်အဖုံးနှင့်အဖုံးပိတ်သံပြားပါ အပြာရောင်ကော်ပုံးအတွင်းမှ အနက်ရောင်ကြွပ်ကြွပ်အိတ်အကြီး(၄)အိတ်အားရှာဖွေတွေ့ရှိရ၍အိတ်အတွင်းစစ်ဆေးရာ အနက်ရောင်ကြွပ်ကြွပ်အိတ်အကြီး(၁)အိတ်လျှင် အလေးချိန်(၃,၇၂၀)ဂရမ်ခန့်ပါဆေးခြောက်ဟုယူဆရသည့် အရိုး/အရွက်/အစေ့များပါအထုပ်(၁)ထုပ်၊ အလေးချိန်(၂,၉၀၀)ဂရမ်ခန့်ပါဆေးခြောက်ဟုယူဆရသည့် အရိုး/အရွက်/အစေ့များပါအထုပ်(၁)ထုပ်၊ အလေးချိန်(၃,၉၀၀)ဂရမ်ခန့်ပါဆေးခြောက်ဟုယူဆရသည့် အရိုး/အရွက်/အစေ့များပါအထုပ်(၁)ထုပ်နှင့် အလေးချိန်(၂,၅၂၀)ဂရမ်ခန့်ပါဆေးခြောက်ဟုယူဆရသည့် အရိုး/အရွက်/အစေ့များပါအထုပ်(၁)ထုပ်၊ စုစုပေါင်းဆေးခြောက်အလေးချိန်(၁၃,၀၄၈)ဂရမ်ခန့်၊ ဆေးခြောက်(၁)ဂရမ်လျှင် ကာလတန်ဖိုးငွေ(၁ဝဝဝ)ကျပ်၊ စုစုပေါင်းကာလတန်ဖိုးငွေသိန်း(၁၃,၀၄၈,၀၀၀)ကျပ်အားတို့ရှာဖွေတွေ့ရှိသဖြင့် သိမ်းဆည်းရမိကြောင်း သိရသည်။

ဆေးခြောက်ဟုယူဆရသည့် အရိုး/အရွက်/အစေ့များတို့အား ဖြန့်ဖြူးရောင်းချရန်အလို့ငှာလက်ဝယ်ထားရှိခဲ့ကြသူများဖြစ်သည့် နေမျိုးဦး(ခ)နေမျိုး၊ အောင်မျိုးမင်းနှင့်မခင်းမြတ်မြတ်မိုး(ခ)မိုးမိုးတို့အား အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိိသည်။

#PAN