ရေနံချောင်းမြို့နယ်တွင် အကြမ်းဖက်PDFအဖွဲ့မှ အရပ်သားပြည်သူတစ်ဦးအား လက်ပြန်ကြိုးတုတ်ပြီး သေနတ်ဖြင့် ပစ်သတ်ကာ ငွေ ၁၀သိန်းကျပ် ယူဆောင်သွား

(ပြည်တွင်း) ဇူလိုင်၅

မကွေးတိုင်းဒေသကြီး၊ရေနံချောင်းမြို့ အင်တောကျေးရွာအုပ်စု၊ သနပ်ကန်ကျေးရွာတွင် နေအိမ်တွင်ရှိနေသည့်အရပ်သားပြည်သူတစ်ဦးအား အငြမ်းဖက်PDFအဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်၍ ငွေ ဆယ်သိန်းယူဆောင်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့ညနေ ၆နာရီ၂၀မိနစ်အချိန်ခန့်က သနပ်ကန်ကျေးရွာနေ ဦးစိန်မြအောင်၊ ၅၁နှစ်၊ (ဘ)ဦးမွတ်တာ သည် ၎င်း၏နေအိမ်ရှေ့ခြံ၀န်းအတွင်း ဇနီးဖြစ်သူ မချို၊ ၅၁ နှစ်၊ (ပြည်ခိုင်ဖြိုးပါတီ၀န်းရံသူ) နှင့်အတူရှိနေစဉ် အ​ကြမ်းဖက်အုပ်စု PDF အင်အား (၅)ဦးခန့်သည် သေနတ်အရှည်(၄)လက်ခန့်၊ ဆိုင်ကယ်(၅)စီးခန့်ဖြင့် ရောက်ရှိလာပြီး ဦးစိန်မြအောင်အား မျက်နှာတွင် အ၀တ်စည်းကာ လက်ပြန် ကြိုးတုတ်၍ သေနတ်ဖြင့် ပါးစပ်အား တေ့၍ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်PDFအဖွဲ့၏သေနတ်ဖြင့် ပစ်သတ်မှုကြောင့် ဦးစိန်မြအောင်၏ နောက်စေ့တွင် ‌‌ဖောက်ထွက်ဒဏ်ရာ (၁)ချက်ရရှိကာ အခင်း ဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း၊ အကြမ်းဖက် အုပ်စု PDF အဖွဲ့သည် နေအိမ်အတွင်းရှိ သံသေတ္တာအတွင်းမှ ငွေ(၁၀)သိန်း ကျပ်ခန့်အား ယူဆောင်၍ သနပ်ကန် ကျေးရွာ ၏ အနောက်ဘက်(၄)မိုင်ခန့်အကွာရှိ စခန်းကန်ကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်းသတင်းရရှိိသည်။

#PAN#ZN