ပုသိမ်ကြီးမြို့နယ်တွင် မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) Agency Banking ကိုယ်စားလှယ်ဘဏ်လုပ်ငန်း ဓားပြတိုက်ခံရ


(ပြည်တွင်း)ဇူလိုင်၅
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၊နန်းဦးလွင်ကျေးရွာ၊၂၆လမ်းနှင့်မြို့ပတ် လမ်း ထောင့်ရှိ Denko(နန်းဦးလွင်) စက်သုံးဆီ အရောင်းဆိုင်ဝင်းအတွင်းရှိ မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) Agency Banking ကိုယ်စားလှယ်ဘဏ်လုပ်ငန်းသို့ ယနေ့နံနက်၁၁နာရီ၄၅မိနစ်အချိန်ခန့်က ကျား ၆ဦးသည် ပစ္စတို ၂လက်ကိုင်ဆောင်၍ ဆိုင်ကယ် ၃စီးဖြင့် ရောက်ရှိလာပြီး ဘဏ်အတွင်းရှိ ငွေကျပ်သိန်း ၆၀၀ခန့်အား ဓားပြတိုက်ယူဆောင် ထွက်ပြေးသွားကြောင်းကနဦး သတင်းရရှိသည်။

#PAN