“ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့စေရေး ထိန်းသိမ်း ဆောင်ရွက်”


(ပြည်တွင်း)ဇူလိုင် ၅
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသကို သန့်ရှင်းသာယာလှပပြီး ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းဆောင်ရွက်လျက်ရှိတယ်လို သိရပါတယ်။
ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဒေသရှိ ရွှေဆံတော်၊ ဓမ္မရာဇက၊ ထီးလိုမင်းလို၊ မြစေတီ၊ မနူဟာ၊ ဓမ္မရံကြီး၊ မဟာဗောဓိ၊ စူဠာမဏိ၊ ပြသာဒ်ကြီး၊ သိကြားပုန်း၊ ပံ့သကူမဟာထေရ် စသည့် ရှေးဟောင်းဘုရား ၁၁ ဆူမှာ မတ်လပထမပတ်က မိုးကြိုးလွှများတပ်ဆင်ခဲ့ပြီး ရှေးဟောင်းယဉ်ကျေးမှုဒေသ ပရိဝုဏ်အတွင်းမှာ သန့်ရှင်းသာယာ လှပစေရန် ချုံနွယ်များရှင်းလင်းခြင်း၊ လမ်းဘေးဝဲ/ယာသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ အမှိက်ကန်ကြီးများနှင့် အမှိက်ပုံးများ ထားရှိခြင်းတိုကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲရဲ့ ထောက်ပံ့မှုနဲ့ဆောင်ရွက်လျက်တယ်လို သိရပါ တယ်။ ဒါ့အပြင် လာမည့်ပွင့်လင်းရာသီမှာ ပုဂံယဉ်ကျေးမှုဒေသရဲ့အလှနှင့် သန့်ရှင်းသာယာလှပမှုကို ပိုမိုပေါ်လွင်စွာ တွေ့မြင်လာမှာ ဖြစ်တယ်လို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)ကနေ သိရပါတယ်။
ဒါ့အပြင်ပြည်တွင်း၊ ပြည်ပခရီးသွားများ လေ့လာကြည့်ရှုရာမှာ အဆင်ပြေစေရန် စူဠာမဏိနှင့်ထီးလိုမင်းလို ဘုရားဝင်းအတွင်းမှာ အုတ်၊ သဲကျောက်ပြားတိုနဲ့ ပတ်လမ်း၊ လျှောက်လမ်းဖော်ဆောင်ခြင်း၊ ပတ်လမ်းနှင့် ဘုရားအကြား လစ်လပ်နေတဲ့နေရာများ ခင်းကျင်းခြင်းလုပ်ငန်းကို အဆိုပါဘုရားများမှတာဝန်ရှိသူများက ဆောင်ရွက် သွားမည်ဖြစ်ပြီး ရွှေစည်းခုံစေတီတော်မြတ်ကို လုံးတော်ပြည့်ရွှေစင်ရွှေပြားကပ်လှူခြင်း၊ လမ်းညွှန်အမှတ်အသားများ အသစ်ပြန်လည်ဆောင်ရွက်ခြင်း၊ ရုပ်စုံကျောင်းနှင့်ဦးကြံပေါ်တန်ဆောင်းပြုပြင်ခြင်း လုပ်ငန်းတိုကို ဆောင်ရွက်နေ တယ်လို သိရပါတယ်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေက မိုးရာသီမှာ ခရီးသွားဝင်ရောက်မှု နည်းပါးသော်လည်း ပွင့်လင်းရာသီ ဖြစ်တဲ့ အောက်တိုဘာလမှစတင်ကာ ခရီးသွားကဏ္ဍပြန်လည်ကောင်းမွန်လာမည်ဖြစ်ကြောင်း ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီများက ခန့်မှန်းထားကြပါတယ်။

#PAN