“ဆီးရီးယားနိုင်ငံအတွင်း တရားမဝင်တပ်ဖြန့်မှုများကိုအဆုံးသတ်၍ အရင်းအမြစ်များ ယူဆောင်နေခြင်းအား ရပ်ဆိုင်းရန် အမေရိကန်ကို တရုတ်တောင်းဆို”


(နိုင်ငံတကာ)ဇူလိုင် ၅

ဆီးရီးယားနိုင်ငံအတွင်း လုပ်ဆောင်နေသည့် တရားမဝင်တပ်ဖြန့်မှုများကိုအဆုံးသတ်၍ ယင်းနိုင်ငံ၏ အရင်းအမြစ်များကို ယူဆောင်နေခြင်းအား ရပ်ဆိုင်းရန် တရုတ်နိုင်ငံ က အမေရိကန်ကို တောင်းဆိုခဲ့ကြောင်း တရုတ်နိုင်ငံခြားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇူလိုင်လ ၃ ရက်တွင် ပြောသည်။ အမေရိကန်စစ်ဘက် သည် ဆီရီးယားနိုင်ငံရှိ ဂျုံတရားမဝင်သယ်ယူပိုဆောင်မှုတွင် ပါဝင်နေပြီး နေ့စဉ်ကုန်တင်ကား ၁၀ စင်းခန့်ဖြင့် ဆီးရီးယားဂျုံများကို နိုင်ငံပြင်ပသို ပိုဆောင်လျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မောင်နင်းက နေ့စဉ်ကျင်းပမြဲဖြစ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောခြင်း ဖြစ်သည်။ ဆီးရီးယားနိုင်ငံသည် ယခင်က ဂျုံကို ပြည်ပသို တင်ပိုသည့်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံအတွင်းရှိ လူဦးရေ၏ ၅၅ ရာခိုင်နှုန်းခန့်သည် စားနပ်ရိက္ခာမဖူလုံမှုများနှင့်ရင်ဆိုင်နေရသည့်အတွက် အမေရိကန်တွင် တာဝန်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ထိုပြင် အမေရိကန်သည် အကြမ်းဖက်တိုက်ဖျက်ရေးကို အကြောင်းပြ၍ ဆီးရီးယားရှိ အရင်းအမြစ်များကို လက်ဝါးကြီးအုပ်လျက်ရှိကြောင်း၊ အမေရိကန်အနေဖြင့် ဆီးရီးယား၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေ ပေါင်းစည်းမှုကို လေးစားရမည်ဖြစ်ကြောင်း၊ အမေရိကန် တပ်ဖွဲဝင်များအား ယင်းနိုင်ငံအတွင်းသို တရားမဝင် ဖြန့်ကြက်နေခြင်းကိုလည်း ရပ်ဆိုင်းရမည်ဖြစ်ကြောင်း မောင်နင်းက ဆက်လက်ပြောကြားသည်။ အမေရိကန် အစိုးရသည် လူအခွင့်အရေးကာကွယ်မှုကို ထပ်တလဲလဲ ပြောကြားနေသော်လည်း အခြားနိုင်ငံများရှိ ပြည်သူများ၏ အခွင့်အရေးများကို ချိုးဖောက်လျက်ရှိကြောင်း တရုတ်နိုင်ငံက ထပ်လောင်းပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်း ဌာနတွင် ဖော်ပြထားသည်။

#PAN