ချယ်ရီသီးရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ


( ကျန်းမာရေး)ဇူလိုင် ၅
ကျန်းမာရေးကဏ္ဍကနေ ချယ်ရီသီးရဲ့ ကျန်းမာရေး ကောင်းကျိုးတွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ချယ်ရီသီးက ကယ်လိုရီနည်းပါးပြီး ဗီတာမင်စီကြွယ်ဝစွာပါဝင်ပါတယ်။ ပရိုတင်း၊ ပိုတက်ဆီယမ်၊ ကော့ပါး၊ အမျှင်ဓာတ်၊ မဂ္ဂနီစ် စတဲ့ အာဟာရဓာတ်နဲ့သတ္တုဓာတ်တွေလည်း ပါဝင်ပါသေးတယ်။
လေ့လာချက်တွေအရ ချယ်ရီသီးမှာ အဆစ်အမြစ်ကိုက်ခဲခြင်းအတွက် အကျိုးသက်ရောက်မှုရှိ စေပါတယ်။ ချယ်ရီသီးဖျော်သောက်ခြင်း ဒါမှမဟုတ် သရေစာအဖြစ်စားပေးခြင်းက သင့်ရဲ့အဆစ်အမြစ် ကိုက်ခဲနာကျင်ခြင်းကို သက်သာစေပါတယ်။
ချယ်ရီသီးမှာ Antioxidants ဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် ရောင်ရမ်းခြင်းကို လျှော့ချပေး ပါတယ်။ အိုမင်းရင့်ရော်ခြင်းကိုလည်း နှေးစေပြီး နာတာရှည်ရောဂါတွေကို သက်သာစေပါတယ်။ နှလုံးရောဂါ၊ ကင်ဆာ၊ အင်ဇိုင်းမား၊ ဆီးချိုသွေးချိုနဲ့ အဝလွန်ခြင်းကဲ့သိုရောဂါတွေဖြစ်နိုင်ချေကို လျှော့ချ ပေးပါတယ်။
ဒါ့အပြင် ဆီးချိုရောဂါကို ကာကွယ်ပေးခြင်းမှာအထာက်အကူဖြစ်စေပါတယ်။ ရောင်ရမ်းခြင်းကို လျှော့ချစေတဲ့အတွက် သန္ဓာကိုယ်ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ Glycemic index လည်း နည်းတာကြောင့် ဆီးချိုသမားတွေအတွက် အဆင်ပြေစေပြီး သွေးထဲကသကြားဓာတ်ကို ထိန်းချုပ်ပေးပါတယ်။
လေ့လာချက်တွေအရ ချယ်ရီသီးဖျော်ရည်သောက်သုံးသူတွေမှာ ကိုလက်စထရောကို လျော့ကျ စေပါတယ်။ မကောင်းတဲ့ ကိုလက်စထရော LDL ကိုလျော့ကျစေခြင်းဟာ နှလုံးရောဂါကြောင့် ရုတ်တရက် သေဆုံးခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။
ချယ်ရီသီးမှာ Melatonin ပါဝင်ပြီး အဲ့ဒီ ဟော်မုန်းဓာတ်က သင့်ရဲ့အိပ်ပျော်မှုအတွက် အကူအညီ ဖြစ်စေပါတယ်။ လေ့လာချက်တွေအရ အမျိုးသားနဲ့ အမျိုးသမီးတွေမှာ အိပ်မပျော်တဲ့ ရောဂါခံစားနေ ရတယ်ဆိုရင် ချယ်ရီသီးဖျော်ရည်ကို မနက်တိုင်း ဒါမှမဟုတ် မအိပ်ခင် ၁နာရီ၊ ၂နာရီအလိုခန့်မှာ သောက်ပေးခြင်းက အိပ်ပျော်စေလို တွေ့ရှိရပါတယ်။
ဒါ့အပြင် ဂေါက်ရောဂါ ဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။ လေ့လာချက်တစ်ခုမှာ ဂေါက်ရောဂါ ရှိသူတွေကို ချယ်ရီသီးနှစ်ရက်ခန့် စားသုံးလိုက်ခြင်းက မစားတဲ့သူတွေထက် ဂေါက်ရောဂါဖြစ်နိုင်ချေ ၃၅ ရာခိုင်နှုန်း လျော့သွားတာကို တွေ့ရပါတယ်။

#PAN