လားရှို့မြို့ကို အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက ရှော့တိုက်ဒုံးဖြင့် အရပ်သားပြည်သူများအကြား ပစ်ခတ်မှုသည် ရွံရှာဖွယ်ကောင်းသောလုပ်ရပ်ဖြစ်ကြောင်းပြောဆို


(ပြည်တွင်း) ဇူလိုင် ၄

ယမန်နေ့ ည‌နေ ၄ နာရီ ၃၀ အချိန်ခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှို့မြို့ကို အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက ရှော့တိုက်ဒုံးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် မြို့ခံပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

ယင်းရှော့တိုက်ဒုံး ၁ လုံးသည် နယ်မြေ (၁)ရှိ ပန်အုပ်ဘုရားကျောင်းဝန်းအတွင်း ​ကျရောက်ပေါက်ကွဲခဲ့ရာ ကျား ၄ ဦး၊ မ ၃ ဦးတို့ ထိခိုက်ဒဏ်ရာရရှိကြောင်း၊ ထို့အတူ ရပ်ကွက် (၄)၊ နယ်မြေ (၃) ရှိ ဦးညွန့်အောင် ၏နေအိမ် ကုန်စုံဂိုထောင်ကို ​ရှော့တိုက်ဒုံး ၁ လုံးထပ်မံကျရောက်ပေါက်ကွဲခဲ့၍ ဦးမျိုးထွန်းဆိုသူအမျိုးသား ၁ ဦးသေဆုံးပြီး အမျိုးသမီး ၁ ဦးနှင့် ကလေး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရှော့တိုက်ဒုံး‌ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ပရဟိတမော်တော်ယာဥ်များဖြင့် လားရှိုးဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံပြည်သူများက အခုလိုရှော့တိုက်ဒုံးဖြင့် အရပ်သားပြည်သူကြား ပစ်ခတ်တိုက်ခိုက်မှုသည် ယောက်ျားမဆန်ပဲ လုပ်ဆောင်သည့်လုပ်ရပ်ဖြစ်၍ ရွံမုန်စရာလုပ်ရပ်ဖြစ်ကြောင်း ပြောဆိုနေသည့်အသံများ ကျယ်ကျယ်လောင်လောင်ကြား သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ