မြဝတီကိုသွားသည့် ဆန်ကား၁၅စီးကို KNU/PDFများက ဟန့်တားထားသည့်အတွက် ဆန်ပြတ်မည်ကို ဒေသခံများစိုးရိမ်နေ


(ပြည်တွင်း) ဇူလိုင် ၀၄

ဘားအံကနေ မြဝတီကိုတင်ပို့မည့် ဆန်ကား ၁၅ စီးကို အကြမ်းဖက်သောင်းကျန်းသူများဖြစ်သည့် KNU / PDF များမှ လမ်းခုလတ်ကနေ တားဆီးထား သည့်အတွက် ​ဆန်စျေးတက်ခြင်းနှင့် ဆန်ပြတ်လတ်ခြင်းများ ဖြစ်ပေါ်မည်ကို ဒေသခံများစိုးရိမ်နေကြသည်။

ဇူလိုင်လ ၃ ရက်နေ့ ညသန်းခေါင်ကျော်အချိန်ခန့်တွင် ကရင်ပြည်နယ် မြဝတီမြို့သို့ အနယ်နယ်အရပ်ရပ်မှတင်ပို့လာသည့် “ဆန်ကား” ၁၅ စီးကျော်ခန့်အား သင်္ဃန်းညီနောင် ဝှေ့ရှမ်းရွာတွင် အကြမ်းဖက်သောင်းကြမ်းသူ KNU/PDF များက တားဆီးရပ်တန့်ထားခြင်းဖြစ်သည်ဟု သိရသည်။

“ယာဥ်မောင်းတွေကိုခေါ်ထားတယ်၊ ဆန်ပိုင်ရှင်စာရင်းတွေတောင်းတယ်၊ ထိုင်းကိုကူးမှာလား မြဝတီကိုဖြန်မလားမေးတယ်လို့ပြောတယ် ခုချိန်ထိတော့ပြန်မလွှတ်သေးဘူး ဘာဆက်ဖြစ်နိုင်မလဲ မပြောနိုင် သေးဘူး” လို့ သတင်းအရင်းအမြစ်များ၏ပြောဆိုချက်အရ သိရသည်။

မြဝတီတွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် မြဝတီမြို့တွင် ဆန်ပြတ်လတ်မှုမရှိစေရေးအတွက် ဆန်ကုန်သည်များမှ သွားလာရလွယ်ကူအဆင်ပြေစေမည့်လမ်းကြောင်းများကိုရွေးချယ်ကာ ဆန်များတင်ပို့လျှက် ရှိသော်လည်း သောင်းကြမ်းသူများ၏တားဆီးမှုကြောင့် အခက်အခဲများစွာကြုံတွေ့နေရကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT#SZ