ဖလမ်းမြို့ရှိကျောင်းများမှ ဆရာဆရာမများ ကျောင်းသားများ၏ ဆိုင်ကယ်များအား CNDF က ယူဆောင်သွား


(ပြည်တွင်း) ဇူလိုင် ၄

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ အ.ထ.က (၃) ​ကျောင်း​မှ ဆရာ/ဆရာမများ၏ ဆိုင်ကယ်များအား ချင်းအကြမ်းဖက်သမားများဖြစ်သည့် CNDF များမှ ယူဆောင်သွားကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် ၃ ရက်​နေ့ ​နေ့လည် ၁၂ နာရီ အချိန်ခန့်တွင် ဖလမ်းမြို့ အ.ထ.က (၃) ​ကျောင်း​ဆောင်သို့ ချင်း အကြမ်းဖက်သူများဖြစ်သည့် CNDF အဖွဲ့များ​ရောက်ရှိလာပြီး ဆရာ/ဆရာမများ ကျောင်းသူကျောင်းသားများ၏ ဆိုင်ကယ်များအား ယူဆောင်သွားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ချင်း အကြမ်းဖက်သူများဖြစ်သည့် CNDF အဖွဲ့များ​သည် အ.ထ.က (၃) ​မှ ဆရာ/ဆရာမများ၏ ဆိုင်ကယ် ၆ စီး၊ ​ကျောင်းသားများ၏ ဆိုင်ကယ် ၅ စီး၊ အ.ထ.က (၁) ​ကျောင်းမှ ဆရာ/ဆရာမများ၏ ဆိုင်ကယ် ၄ စီး၊ ​ပေါင်း ဆိုင်ကယ် ၁၅ စီးအား သိမ်းဆည်းယူ​ဆောင်သွား​ကြောင်း ဒေသတွင်းအရင်းအမြစ်များ၏ ပြောဆိုချက်အရ သိရသည်။

ချင်းပြည်နယ်၊ ဖလမ်းမြို့ အဝင်အထွက်​များတွင်လုံခြုံ​ရေး​ဂိတ်မရှိသည့်အတွက် ချင်းအကြမ်းဖက်သူများဖြစ်သည့် CNDF အဖွဲ့များ​ မကြာခဏ ဝင်ထွက်သွားလာမှုများရှိနေသည့်အတွက် မြို့​ပေါ်လူထုများ စိုးရိမ်​နေကြကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ