ပဲခူးမြို့တွင် အရှိန်ပြင်းစွာမောင်းနှင်လာသော အမှိုက်သိမ်းယာဥ်ပေါ်မှ လူတစ်ဦးပြုတ်ကျသေဆုံးခဲ့


(ပြည်တွင်း) ဇူလိုင် ၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ MJT အမှိုက်သိမ်းဆည်းရေးဝန်ဆောင်မှု့လုပ်ငန်းမှ လုပ်သားတစ်ဦး အမှိုက်သိမ်းယာဥ်ပေါ်မှ ပြုတ်ကျ သေဆုံးခဲ့ရကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဇူလိုင်လ ၃ ရက်နေ့ နေ့ညနေပိုင်းက (MJT) အမှိုက်သိမ်းယာဉ် MDY/ 11 6Q-8241 FORLAND ယာဥ်အား ယာဉ်မောင်း သက်ထွေး မဇင်းတိုးချဲ့ (၂)ရပ်ကွက်၊ ပဲခူးမြို့နေသူ မောင်းနှင်၍ ယာဉ်ပေါ်တွင် ဇော်ဝင်းထွဋ် ကျောက်တွင်းကုန်း၊ (င)ရပ်ကွက် ပဲခူးမြို့နေသူ နှင့် ချမ်းငြိမ်းဇော် မြို့သစ်(၅)ရပ်ကွက် ပဲခူးမြို့နေသူတို့ လိုက်ပါလာပြီး မော်တော်ယာဥ်သည် ပြည်သာယာလမ်းအတိုင်း ညောင်ဝိုင်းရပ်ကွက်ဘက်သို့ အရှိန်ပြင်းစွာမောင်းနှင်လာစဉ် အမှိုက်သိမ်း ယာဉ်၏ အမိုးပေါ်တွင်လိုက်ပါ စီးနင်းလာသူ ဇော်ဝင်းထွဋ်မှာ ယာဉ်ပေါ်မှ လမ်းမပေါ်သို့ ပြုတ်ကျပြီး ဦးခေါင်းထိပ်ချိုင့်ဝင် ဒဏ်ရာရရှိခဲ့ပြီး ပဲခူးပြည်သူ့ဆေးရုံ ကြီးသို့ ရောက်ရှိစဉ်သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

MJTပုဂ္ဂလိကပိုင်လုပ်ငန်းစုသည် NLD အစိုးရလက်ထက်တွင် ပါတီနှင့်ရင်းနှီးပက်သက်သူများစတင် တည်ထောင်ခဲ့သောလုပ်ငန်းစုဖြစ်ပြီး ယနေ့အထိ လုပ်ကိုင် လျှက်ရှိပြီး MJTလုပ်ငန်းစုပိုင်အမှိုက်သိမ်းယာဥ်များသည် အများပြည်သူသွားလာနေသော လမ်းမကြီးများတွင် အရှိန်ပြင်းစွာမောင်းနှင်ခြင်း ၊ အမှိုက်များအား လိုက်လံသိမ်းဆည်းရာတွင် ရက်မှန်ကန်မှုမရှိခြင်း ၊ လစဥ်ကြေးအား ပုံမှန်ကောက်ခံသော်လည်း အမှိုက်များကို အချိန်ကာလကြာမြင့်စွာ လာရောက်မသိမ်း ဆည်းခြင်း စသည့်အချက်များဖြင့် ပဲခူးမြို့ရှိ လူမူကွန်ယက်သုံး ဒေသခံပြည်သူအများကြား ဝေဖန်မှုများရင်ဆိုင်နေရသော လုပ်ငန်းစုတစ်ခုဖြစ်သည်။

ပုံ-MJTလုပ်ငန်းစုမှအမှိုက်သိမ်းယာဥ်

Telegram>>…
https://t.me/positiveanglenews

PAN

PKL #SZ