ပဲခူးမြို့တွင် စက်ရုံဖယ်ရီကားနှင့် အခြားယာဥ်တစ်စီးတိုက်မိရာမှ ၇ ဦးခန့်ဒဏ်ရာရ


(ပြည်တွင်း) ဇူလိုင် ၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ပဲခူးမြို့ရှောင်လမ်း၊ အ.ထ.ကစာလေးကွင်း စာသင်ကျောင်းရှေ့တွင် ယနေ့ည ၇ နာရီ ၃၀ မိနစ်အချိန်ခန့်က မန္တလာမင်းကုန်တင်ကား နှင့် PK အထည်ချုပ်စက်ရုံ ဖယ်ရီကား တို့အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိုက်မှုဖြစ်ပွားခဲကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ပဲခူးမြို့ ရှောင်လမ်းအတိုင်း ကလိဘက်မှ မောင်းနှင်လာသော မန္တလာမင်းကုန်တင်ကားသည် ရုတ်တရက် ရပ်တန့်ခဲ့သဖြင့် နောက်မှ ယာဉ်မောင်း ချမ်းမင်းကို မောင်းနှင်လာသော PK အထည်ချုပ်စက်ရုံ ဖယ်ရီကားမှာ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိသဖြင့် ဖယ်ရီကားပေါ်မှ ယာဉ်မောင်းဖြစ်သူ ချမ်းမင်းကိုသည် ယာပေါင်ကျိုးပြီး စက်ရုံဝန်ထမ်း အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဥ်အားနယ်မြေရဲစခန်းမှ အမှုဖွင့်လှစ၍စုံစမ်း စစ်ဆေးနေလျက်ရှိကြောင်းသိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

PKL #SZ