နေတိုးအကြီးအကဲ၏ ယူကရိန်းအတွက် ရန်ပုံငွေရရှိ ဖိအားပေးမှု မအောင်မြင်


(နိုင်ငံတကာ) ဇူလိုင် ၄

ယူကရိန်းအတွက် တစ်နှစ်လျှင် ၄၃ ဘီလီယံထောက်ပံ့ရေး နေတိုးအကြီးအကဲ၏ အဆိုပြုချက်အား အဖွဲ့ဝင်နိုင်ငံများက ပယ်ချခဲ့ကြောင်းသိရသည်။

နေတိုးအထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg’s သည် ယူကရိန်းနိုင်ငံအတွက် ရေရှည်ရန်ပုံငွေရရှိရေးအတွက် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ ထိပ်သီးအစည်းအဝေးတွင် မဟာမိတ်များအား ထောက်ပံ့မှုများအား ပြန်လည်သုံးသပ်ရန်ရှိနေခြင်းကြောင့် Jens Stoltenberg’s တိုက်တွန်းမှာအား ပယ်ချခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယူကရိန်းသည် နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ အထောက်အပံ့ဖြင့် ရုရှား၏ စစ်ဆင်ရေးအား ရင်ဆိုင်နေရပြီး စစ်ဘက်ဆိုင်ရာ သုံးသပ်သူများ၏ သုံးသပ်ချက်အရ အဆိုပါထောက်ပံ့မှုများရပ်ဆိုင်းလိုက်က ယူကရိန်းသည် မကြာမှီစစ်ရှုံးနိုင်ကြောင်း သုံးသပ်ထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ