KNU/KNLA တပ်ဖွဲ့ အတွင်း ခေါင်းဆောင်ပိုင်းနေရာလုမှုဖြစ်ပွားခဲ့ဟု သတင်းထွက်ပေါ်နေ


(ပြည်တွင်း) ဇူလိုင် ၃

ကရင်လက်နက်ကိုင်တပ်ဖွဲ့ KNU/KNLA အတွင်း၌ ခေါင်းဆောင်နေရာလုမှုဖြစ်ပွားခဲ့ပြီး ခေါင်းဆောင်ပိုင်းအချိန်းအပြောင်းဖြစ်ပွားနေသည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း အရင်းအမြစ်များထံမှ သိရသည်။

ယင်းခေါင်းဆောင်ပိုင်း နေရာလုမှုအပြီး ထွက်ပေါ်လာသည့် အပြောင်းအလဲများအရ KNLA စစ်ဦးချုပ် စောဂျော်နီအား ရာထူးမှဖယ်ရှားပြီး ဒုဦးစီးချုပ် ဘောကျော်ဟဲမှ စစ်ဦးစီးချုပ်အဖြစ် ပြောင်းလဲရယူခဲ့ကြောင်း သိရသည်။

ခေါင်းဆောင်ပိုင်း နေရာလုယူမှုအပြီး ထွက်ပေါ်လာသည့် သတင်းများအရ KNU ဥက္ကဋ္ဌဟောင်း မူတူးဆေးဖိုးအား KNU နာယကနေရာမှ အပြီးအပိုင်ဖယ်ရှားခဲ့ ကြပြီး KNLA ဒုဦးစီးချုပ်နေရာအား KNU တပ်မဟာ ၅ မှူးက တာဝန်ယူပြီး လစ်လပ်နေသော KNLA တပ်မဟာ ၆ မှူးနေရာကို ဗျူဟာမှူး နယ်ဒါးထူး (ဗိုလ်ရန်နိုင်)မှ တာဝန်ယူသွားမှာဖြစ်ကြောင်း သိရသည်။

ထို့အပြင် KNLA တပ်မဟာ ၇ အား အပြီးအပိုင်ဖယ်ရှားပြီး မြဝတီ ကော့ကရိတ်အာရှလမ်းဟောင်းတစ်လျှောက်အား KNLA တပ်မဟာ ၇ တပ်ရင်း ၁၀၁ မှထိမ်းချုပ်ကာ နေရာဖြန့်ကျက်ထားမည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN