KNU က ကြားအင်းဆိပ်ကြီးမြို့က ကျောင်းတွေနဲ့ ဝန်ထမ်းတွေကိုခြိမ်းခြောက်နေ


(ပြည်တွင်း) ဇူလှိုင် ၃

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့အနီးမှာရှိတဲ့ အ​​ခြေခံပညာကျောင်းတွေကို ပိတ်သိမ်းဖို့ KNU က ခြိမ်းခြောက်ပြောဆိုနေတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

KNU ပညာရေးအဖွဲ့ ကလို့ဆိုပြီး KNU တံဆိပ်ပါအင်္ကျီတွေဝတ်ဆင်ထားတဲ့ လက်နက်ကိုင်တွေဟာ မနေ့က ည ၇ နာရီ ၄၀မိနစ် အချိန်ခန့်မှာ ကျေးရွာတွေကိုရောက်ရှိလာပြီး စာသင်ကျောင်းတွေကိုပိတ်ခိုင်းသွားတယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီရွာမှာရှိတဲ့ ဆရာ၊ ဆရာမတွေဟာ ရွာခံတွေမဟုတ်ရင် ရွာကထွက်သွားပေးကြဖို့နဲ့ စာသင်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ရွာကိုမလာဖို့ကိုလည်းပြောဆိုသွားတယ်လို့ သိရပါတယ်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက ဒေသအချို့မှာ ဇွန်လအတွင်းက အစိုးရစာသင်ကျောင်းတွေဖွင့်လှစ်နိုင်ခဲ့ပေမယ့် ​ကျည်ဆံပါတဲ့ခြိမ်းခြောက်စာပို့ခံရတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

#SZ