အိန္ဒိယရှိ ဘာသာရေးပွဲတော်တစ်ခုတွင် ပြေးလွှားရင်း လူပိမှုဖြစ်ပွားကာ လူ ၁၂၀ ကျော်သေဆုံး


(နိုင်ငံတကာ) ဇူလိုင် ၁

အိန္ဒိယနိုင်ငံ၊ အတ်တာပရာဒေ့ရှ်ပြည်နယ်၊ ဟတ်သရက်စ်ခရိုင်တွင် ဇူလိုင်လ (၂)နေ့က ရက်က ဘာသာရေးဆိုင်ရာဝတ်ပြုဆုတောင်းပွဲတစ်ခု ကျင်းပပြုလုပ် နေစဉ် ကြောက်လန့်ပြီး ပြေးလွှားမှုကြောင့် သေဆုံးသူအနည်းဆုံး လူ ၁၂၀ ကျော် အထိရှိခဲ့ပြီး ဒဏ်ရာရသူလည်း အများအပြားရှိခဲ့ကြောင်းသိရသည်။

အဆိုပါဝတ်ပြုဆုတောင်းပွဲတွင် လူပေါင်း ၂ သိန်းခွဲဝန်းကျင် တက်ရောက်ခဲ့ကြောင်းသိရပြီး ဘာသာရေးပွဲအား ဦးဆောင်သူမှာ ဒေသတွင်းတရားဟော ဆရာတစ်ဦးဖြစ်သည့် ဘိုလီဘာဘာ ဖြစ်ပြီး တရားဟောပွဲအပြီးတွင် ထွက်ပေါက်မှ တစ်ဦးတည်းထွက်ခွာသွားပြီးနောက် ယခုလိုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်တွင် သေဆုံးသူများ ဒဏ်ရာရသူများအား ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့မှုများ ပေးအပ်သွားမည်ဟု ထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံတွင် လူပိသေဆုံးမှုများ မကြာခဏဖြစ်ပွားတတ်ပြီး ၂၀၁၃ ခုနှစ်တွင် တစ်ကြိမ် ၁၁၅ ဦးသေဆုံးခဲ့ပြီး ၂၀၁၁ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် လူပိမှုတွင်လည်း ၁၀၀ ကျော်သေဆုံးခဲ့သည်။

ယခု ဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် ကော်မတီတစ်ရပ်ဖွဲ့စည်းထားကြောင်း အတ်တာပရာဒေ့ရှ်ပြည်နယ် ဝန်ကြီးချုပ်က ထုတ်ပြန်ထားပြီး အိန္ဒိယ ဗဟိုအစိုးရ၏ ကာကွယ်ရေးဝန်ကြီးကလည်း မိသားစုများကိုယ်စား ဝမ်းနည်းကြောင်းထုတ်ပြန်ထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ