အစ္စရေးသည် ဟစ်ဇ်ဘိုလာအဖွဲ့အားတိုက်ရန် ပြင်ဆင်နေဟုဆို


(နိုင်ငံတကာ) ဇူလိုင် ၃

အစ္စရေးစစ်တပ်သည် လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာလက်နက်ကိုင်များအားတိုက်ခိုက်ရန်ပြင်ဆင်နေကြောင်းသိရသည်။

ဂါဇာကမ်းမြောင်ဒေသမှ ဆုတ်ခွာရန်နှင့် ဟားမတ်စ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေးအား တိုးတိုးတိတ်တိတ် ဖိအားပေးနေကြောင်း သိရသည်။

ဂါဇာကမ်းမြောင်ဒေသစစ်ဆင်ရေးမှ အစ္စရေးစစ်တပ်များ ပြန်လည်ဆုတ်ခွာမည်ဆိုပါက အစ္စရေးအနေဖြင့် အောင်မြင်နေပြီဟု အစ္စရေးအရာရှိများကဆိုသည်။

အစ္စရေးတပ်ဖွဲ့ဝင်များသည် ခဲယမ်းမီးကျောက်များအား စုဆောင်းထားသင့်ပြီး အင်အားတောင့်တင်းပြီး သောင်းနှင့်ချီသော ဟစ်ဘိုလာတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ရင် ပြင်ဆင်ထားသင့်ကြောင်း အရာရှိများက ထုတ်ဖော်ပြောဆိုထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ