အကြမ်းဖက်သောင်းကျန်းသူများက လားရှိုးမြို့အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အသက်(၁၂)နှစ်နှင့် (၁၄)နှစ် အရွယ် ကလေး ၃ ဦး အပါအဝင် ဒေသခံပြည်သူ ၆ ဦး သေဆုံး


(ပြည်တွင်း) ဇူလိုင် ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အတွင်းသို့ အကြမ်းဖက်သောင်းကျန်းသူ များကရှော့တိုက်ဒုံးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် လားရှိုးမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ(၃)အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၁၂)နှစ်နှင့် (၁၄)နှစ် အရွယ် ကလေး ၃ ဦး အပါအဝင် ဒေသခံပြည်သူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အကြမ်းဖက်သောင်းကျန်းသူများသည် ယနေ့နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် လားရှိုးမြို့အတွင်းသို့ မြို့၏အရှေ့မြောက်ဘက် မီတာ ၄၀၀၀ ခန့် အကွာ မှ ရှော့တိုက်ဒုံးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါအကြမ်းဖက် သောင်းကျန်းသူများ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဒုံးသီးများသည် လားရှိုးမြို့၊ ရပ်ကွက် (၁)၊ နယ်မြေ(၃)၊ သာယာလမ်းပေါ်ရှိ လူနေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အသက် (၁၂)နှစ်နှင့် (၁၄)နှစ် အရွယ် ကလေး ၃ ဦးနှင့် ဒေသခံပြည်သူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၆ ဦးသေဆုံးခဲ့သည်။ အဆိုပါ သေဆုံးသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များက လားရှိုးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်သောင်းကျန်းသူများ၏ ယခုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင်ဘဲ အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများ၏ မြို့/ရွာများအတွင်းသို့ အသက်အန္တရာယ် ထိခိုက်သေကြေသည်အထိ စက်ဆုပ်ရွံရှာဖွယ် အကြောင်းမဲ့ပစ်ခတ် တိုက်ခိုက်ခဲ့မှုသည် စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန်ခြင်းဖြစ်ပြီး အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများအား ချေမှုန်းနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး(Counter – Terrorism Operation)ကို ပြည်သူများနှင့် ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ