ဟာရီကိန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် တစ်ကျွန်းလုံးနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်


(နိုင်ငံတကာ) ဇူလိုင် ၃

စိန့်ဗင်းဆင့်နှင့် ဂရိနေဒိုင်ကျွန်းနိုင်ငံ ယူနီယံကျွန်းစုဒေသတွင် ဟာရီကိန်းမုန်တိုင်း ဘာရီတိုက်ခတ်မှုကြောင့် ကျွန်းတစ်ကျွန်းလုံးနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်းသိရသည်။

မုန်တိုင်းတိုက်ခတ်ပြီးနောက် ကျွန်းပေါ်တွင် ရေနှင့်အစားအစာ ခက်ခဲနေပြီး လျှပ်စစ်မီးများ ပြတ်တောက်နေကြောင်းသိရသည်။

ကျွန်းပေါ်ရှိ လေဘေးဒုက္ခသည်များအား ကယ်တင်ရန်နှင့် ပြန်လည်ထူထောင်ရေးများလုပ်ဆောင်ရန် စစ်တပ်နှင့် ကမ်းခြေစောင့်တပ်အားစေလွှတ်ထားကြောင်းသိရသည်။

လက်ရှိ ပျက်စီးမှုများ ပြန်လည်တည်ဆောက်ပါက ငွေကြေး ဘီလီယံနှင့်ချီ ကုန်ကျနိုင်ပြီး တစ်နှစ်သို့မဟုတ် ပိုမိုကြာမြင့်နိုင်သည့်အပြင် နိုင်ငံတကာအကူအညီများလည်း လိုအပ်ကြောင်း စိန့်ဗင်းဆင့်နှင့် ဂရိနေဒိုင်ကျွန်းနိုင်ငံ တာဝန်ရှိသူများကဆိုသည်။

“ကျွန်တော်တို့ အကူအညီ အရမ်းလိုအပ်နေပါတယ်။ အရေးပေါ်ဆေးသေတ္တာ၊ အစားအသောက်၊ ဘေးလွတ်ရာ ရွှေ့ပြောင်းရေး ဒီအချိန်မှာ လိုအပ်နေပါတယ်”ဟု Union Island Environmental Alliance ၏ ဒါရိုက်တာ Katrina Coy ကဆိုသည်။

တနင်္လာနေ့တွင် ဟာရီကိန်းမုန်တိုင်း ဘာရယ်သည် လေတိုက်နှုန်း 150mph (240km/h) ဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ