ရေစကြိုမြို့နယ်၊ ကြူတောကျေးရွာတွင် အကြမ်းဖက် PDF အလောင်းများနှင့် လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


(ပြည်တွင်း) ဇူလိုင် ၃

ယမန်နေ့ နံနက် ၆ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကြူတောကျေးရွာရှိ ကျေးလက်ဆေးပေးခန်းတွင် အကြမ်းဖက် PDF များ ခိုအောင်းနေကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးအဖွဲ့များက သွားရောက်ရှင်းလင်းရာ အကြမ်းဖက်အဖွဲ့များနှင့် ထိတွေ့ပစ်ခတ်မှုများဖြစ်ရာ အကြမ်းဖက် PDF အလောင်းများနှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း သိရသည်။

ယင်းထိတွေ့ပစ်ခတ်မှုမှ အကြမ်းဖက် PDF ၄ လောင်း၊ Type 81 သေနတ် ၁ လက်၊ လက်လုပ်သေနတ်(အရှည်) ၇ လက်၊ လက်လုပ်သေနတ်(အတို) ၁ လက်၊ ကျည်မျိုးစုံ ၈၀ တောင့်၊ ကျည်အိမ် ၂ ခု၊ အိုင်ကွန် ၂ လုံးတို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ