ရမခကိုပစ်သည့် လျှော့တိုက်ဒုံး ရပ်ကွက်တွင်းကျရောက်ပေါက်ကွဲသည့်အတွက် အပစ်မဲ့ပြည်သူ မိသားစု ၆ ဦးသေဆုံး


(ပြည်တွင်း) ဇူလိုင် ၃

အကြမ်းဖက်သောင်းကျန်းသူများဖြစ်သည့် TNLA ပူးပေါင်းအဖွဲ့များမှ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အား ပစ်ခတ်သည်ဟုယူဆရသည့် ရှေ့တိုက်ဒုံးမှတစ်လုံးမှာ လားရှိုးမြို့ လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ ၃ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် သောင်းကျန်းသူများ ပစ်ခတ်ခဲ့သည့် ရှော့တိုက်ဒုံးသည် တိုင်းစစ်ဌာနချုပ်အနီး သာယာလမ်းပေါ်တွင်ရှိသော နေအိမ်ပေါ်သို့ကျရောက် ပေါက်ကွဲခဲ့သည့် အတွက် ၎င်းအိမ်တွင်နေထိုင်သူ မိသားစု ၆ ဦးစလုံး သေဆုံးသွားကြောင်း သိရသည်။

အကြမ်းဖက်အဖွဲ့များသည် လားရှိုး၊တန့်ယန်းသို့ ဆက်သွယ်ထားသော လမ်းမကြီးပေါ်တွင်ရှိသည့် နမ့်ပေါင်ကျေးရွာအနီးရှိ နမ္မဘောဓတံတားအား လက်ရှိအချိန်တွင် ထိန်းချုပ်ထားကြောင်းသိရသည်။

” ည ၁ နာရီလောက်ကစပြီး တိုင်းထဲကရော အမြောက်တပ်ကရော ဟိုဘက်ကို လက်နက်ကြီးတွေတရစပ်ပစ်တာ ခုချိန်ထိပဲ ဟိုကလည်းမြို့ထဲပစ်ထဲတယ်။ ဒီဘက်ကလည်း ပြန်ပစ်တယ်။ မြို့တွင်းမှာတော့ တိုက်ပွဲမဖြစ်သေးဘူး” ဟု ဒေသခံတစ်ဦးမှ PAN ကိုပြောသည်။

လားရှိုးမြို့အတွင်း တိုက်ပွဲများမဖြစ်သေးသော်လည်း တိုက်ပွဲဖြစ်လာမည်ကိုစိုးရိမ်သောပြည်သူအချို့ စစ်ရှောင်နေကြပြီး ဒေသခံပြည်သူများ၏ပြောဆိုချက်များအရ အကြမ်းဖက်သောင်းကျန်းသူများမှာ ပုံသဏ္ဍာန်မျိုးစုံဖြင့် အမှတ် ၁ ရပ်ကွက်၊ အမှတ်၇ ရပ်ကွက်နှင့် အမှတ် ၁၂ ရပ်ကွက်များအတွင်းသို့ ကြိုတင်စိမ့်ဝင်နေကြောင်းသိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ