ပဲခင်းကျေးရွာတောင်ဘက်ရှိ နှမ်းခင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားသဖြင့် အမည်မသိ အမျိုးသား ၁ ဦး သေဆုံး


(ပြည်တွင်း)ဇူလိုင် ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ပဲခင်းကျေးရွာတောင်ဘက်၊ကွင်းအမှတ် (၂၆၁)ရှိ နှမ်းခင်းအတွင်း တွင် ယနေ့နံနက် ၈ နာရီ ၅၀ မိနစ်အချိန်ခန့်က ပေါက်ကွဲမှုဖြစ်ပြီး လူတစ်ဦး ထိခိုက်လဲကျသေဆုံးနေကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲသည့်နေရာတွင် အမည်မသိ၊အသက် ၃၀နှစ်ခန့်ရှိ နယ်ခံမဟုတ်သူ အမျိုးသား ၁ ဦးအား ဝမ်းဗိုက်ပွင့်ထွက် အူထွက်ကျ၊ဝဲလက်ကောက်ဝတ်ပြတ် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ