ပုသိမ်ကြီးမြို့နယ်၊မန္တလေး-မတ္တရာကားလမ်းပေါ်ရှိ တံတားတွင် မိုင်းပေါက် ကွဲမှု ဖြစ်ပွား


(ပြည်တွင်း)ဇူလိုင် ၃
မန္တလေးတိုင်းဒေသကြီး ၊ပုသိမ်ကြီးမြို့နယ်၊ပုသိမ်လေးကျေးရွာ၊မန္တလေး-မတ္တရာသွားကားလမ်း၊ပုသိမ်လေးကျေးရွာ အမကမူလွန်ကျောင်းအနီးရှိ တံတားတွင် ယနေ့နံနက်၇နာရီ၄၀မိနစ်အချိန်ခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် တံတားတွင် အပေါက်ဖြစ်သွားသော်လည်း ယာဥ်များ သွားလာ၍ရကြောင်း ၊ လူထိခိုက်သေဆုံးမှုမရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။

#PAN