ထိပ်တန်း ဒီမိုကရက်တစ်အချို့ ဘိုင်ဒန်အား ရွေးကောက်ပွဲမှ နှုတ်ထွက်စေလို


(နိုင်ငံတကာ) ဇူလိုင် ၃

အမေရိကန် သမ္မတရွေးကောက်ပွဲဝင်မည့် လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်အား ထိပ်တန်း ဒီမိုကရက်တစ်ခေါင်းဆောင်အချို့မှ နှုတ်ထွက်စေလိုကြောင်း ပြောဆိုနေကြသည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲအကြို စကားစစ်ထိုးပွဲတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်အား အရေးနိမ့်ခဲ့ကြောင်း အမေရိကန်ပြည်သူများ၏ ဝေဖန်သံများထွက်ပေါ်လာပြီး ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဒီမိုကရက်တစ် ခေါင်းဆောင်အသစ်နှင့် ခေါင်းဆောင်ဟောင်းအချို့သည့် သမ္မတဘိုင်ဒန်အား ယခုသတင်းပတ်အတွင်း နှုတ်ထက်ရန် လိုလားနေကြတသည်။

သမ္မတဘိုင်ဒန်အား ထောက်ခံခဲ့သော်လည်း ယခုအခါ နှုတ်ထွက်စေလိုသည့် ဒီမိုကရက်တစ် ခေါင်းဆောင်တစ်ဦးက “ ဘိုင်ဒန်က ခေါင်းမာတယ်” ဝေဖန်ပြောဆိုခဲ့သည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ