ခလရ (၉၇) ထဲ ၆၀ မမ သုံးလုံးပစ်ထည့် ကျဘမ်းလုပ်ကိုင်သူတစ်ဦး ဒဏ်ရာရ


(အကြမ်းဖက်မှု) ဇူလိုင် ၃

ကရင်ပြည်နယ် ကော့ကရိတ်မြို့၊အမှတ်(၇) ရပ်ကွက်၊ စက်မှုသိပ္ပံကျောင်းအနီးက ခလရ(၉၇)ရင်းအတွင်းကို ဇူလိုင်လ ၂ ရက် ည ၉ နာရီခွဲဝန်းကျင်းခန့်မှာ PDF ကရင်လက်နက်ကိုင်သောင်းကျန်းသူတွေနဲ့ အကြမ်းဖက် PDF ပူးပေါင်းအဖွဲ့တွေက ၆၀ မမနဲ့ ၃ လုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလိုပစ်ခတ်ခဲ့ရာမှာ တပ်ရင်းအတွင်း အရာခံ/အကြပ်ကြီးရိပ်သာအနီး ၁ လုံး၊ ခုနစ်ဆူဘုရားကုန်းအောက်ခြေအနီး ၁ လုံးနဲ့အမှတ်(၃)ရပ်ကွက်၊ ဧည့်ရိပ်သာလမ်းမှာရှိတဲ့ နေအိမ်အနီးကို ၁ လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

သောင်းကျန်းသူအကြမ်းဖက်တွေပစ်ခတ်လိုက်တဲ့ ၆၀ မမ ကျည်တွေကျရောက်ပေါက်ကွဲခဲ့ကြပေမယ့် ခလရ(၉၇)တပ်ရင်းအတွင်းက လူ/အဆောက်အဦ ထိခိုက်ဒဏ်ရာရပျက်ဆီးမှုမရှိခဲ့ပေမယ့် အမှတ်(၃)ရပ်ကွက်၊ ဧည့်ရိပ်သာလမ်းအနီးကျရောက်ပေါက်ကွဲခဲ့တဲ့ကျည်ကြောင့်.အဲ့ဒီနေရာအနီးမှာနေထိုင်နေတဲ့ ဦးအောင်(၄၉)နှစ်၊ (ဘ)ဦးအေး၊ ကျဘမ်းလုပ်နေသူကို ထိခိုက်မိလို့ ဒဏ်ရာအချို့ရရှိခဲ့တယ်လို့

ဗုံးစထိမှန်ဒဏ်ရာကြောင့် ဦးအောင်ရဲ့ ယာဒူးပွင့်ထွက်ဒဏ်ရာ၊ ယာပေါင်ရိုးကျိုးဒဏ်ရာ၊ ယာဝမ်းဗိုက်/ယာဆီးခုံ/ယာခါးဆစ်ရိုးနဲ့ ဗုံးစဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ)များရရှိခဲ့လို့ နီးစပ်ရာ ဆေးရုံကိုပို့ဆောင်ကာ ကျန်းမာရေးကုသမှုဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ