ကတဲကျေးရွာတွင် ရပ်ကျေးအုပ်ချုပ်ရေးမှုးဟောင်း အား အကြမ်းဖက် သမား ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်


(ပြည်တွင်း)ဇူလိုင် ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကတဲကျေးရွာ၌ ယမန်နေ့ ည ၉ နာရီအချိန်ခန့်က ရပ်​ကျေးအုပ်ချုပ်ရေးမှူးဟောင်းအား အကြမ်းဖက် PDF အဖွဲ့မှ နေအိမ်၌ရှိနေစဥ် သေနတ်ဖြင့် ဝင်ရောက်ပစ်သတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ သေဆုံးသူ ဦးခင်မောင်သန်းသည် နေအိမ်အတွင်း ကုတင်ပေါ်တွင် အိပ်နေစဥ် အမည်မသိ အမျိုးသား ၂ ဦး၊ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်း PDF နှစ်ဦး၏ ပစ်ခတ်မှုကြောင့် ဦးခင်မောင်သန်း၊ အသက် ၅၇နှစ်၊ (ဘ)ဦးသန်းညွန့်၊ ကတဲကျေးရွာ၊ ကျောက်ဆည်မြို့ နယ်နေသူ(အုပ်ချုပ်ရေးမှုးဟောင်း)အား နဖူး ကျည်ဖောက် ဝင်ဒဏ်ရာ ၁ ချက်၊ ဦးခေါင်းနောက်စေ့ ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲ-မျက်ခုံး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် နေအိမ်အတွင်း ကုတင်ပေါ်တွင် သေဆုံးနေကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ