ဥရောပရှိ အမေရိကန် စစ်စခန်းများ လုံခြုံရေးခြိမ်းခြောက်မှု အဆင့်တိုးမြင့်ထား


(နိုင်ငံတကာ) ဇူလိုင် ၂

အမေရိကန်စစ်တပ်သည် ဥရောပအခြေစိုက် ၎င်း၏ တပ်စခန်းများအား လုံခြုံရေးအဆင့်တိုးမြှင့်ထားကြောင်း သိရသည်။

ဂျာမဏီနိုင်ငံ၊ စတုဂတ်မြို့ရှိ အမေရိကန်၏ ဥရောပကွပ်ကဲရေးဌာနချုပ်ရှိ တပ်ဖွဲ့ဝင်များအား သတိပေးထားကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။

အဆိုပါ သတိပေးချက်များသည် ဥရောပရှိ Rheinland-Pfalz နှင့် Ramstein လေတပ်စခန်း အပါအဝင် ဂျာမနီရှိ အခြားအခြေစိုက်စခန်းများလည်း အဆိုပါသတိပေးချက်များ ပေးပို့ထားကြောင်းသိရသည်။

အမေရိကန်သည် ရုရှား၏တိုက်ခိုက်မှုနှင့်ပတ်သက်၍ သီးခြားထောက်လှမ်းနေခြင်းမရှိကြောင်း အမေရိကန်မှထုတ်ပြန်ထားသော်လည်း အမေရိကန်ပေးပို့ထားသည့် တာဝေးပစ်လက်နက်များနှင့် ရုရှားပိုင်နက်များအတွင်းသို့ ယူကရိန်း၏ တိုက်ခိုက်မှုများကြောင့် ရုရှား၏ သတိပေးမှုများရှိခဲ့သည်။

အမေရိကန်စစ်တပ်၏ လုံခြုံရေးဆိုင်ရာ သတိပေးချက်များတွင် Normal၊ Alpha၊ Bravo၊ Charlie သို့မဟုတ် Delta အဆင့်ထိရှိပြီး ယခုအခါတွင် Charlie အဆင့်အထိ သတ်မှတ် သတိပေးထားကြောင်းသိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #ZN