အိုင်လျားတောင်ကျေးရွာအုပ်ချုပ်ရေးမှုး အား အကြမ်း ဖက်သမား ၄ဦးက သေနတ်ဖြင့်ပစ်/ဓါးဖြင့်ထိုးသွင်း သတ်ဖြတ်


(ပြည်တွင်း) ဇူလိုင် ၂

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်၊အိုင်လျားတောင် ကျေးရွာအုပ်စု၊အိုင်လျားတောင်ကျေးရွာတွင် ယနေ့မွန်းလွဲ၂နာရီအချိန်ခန့်က အုပ်စုအုပ်ချုပ်ရေးမှူးအား အကြမ်းဖက်PDFအဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ပြီး ဓားဖြင့်ထိုးသတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ အိုင်လျားတောင်အုပ်စုအုပ်ချုပ်ရေးမှူး ဦးချစ်သိန်း၊၄၀နှစ်၊(ဘ)ဦးစံအေး၊တောင်သူလုပ်ငန်းလုပ်ကိုင်သူ(ယခင် ပြည်ခိုင်ဖြိုးပါတီ၊ရပ်ကျေးကော်မတီဝင်)သည် နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် အကြမ်းဖက်အဖွဲ့ဝင် ၄ဦး၊ဆိုင်ကယ် ၂စီးဖြင့် ရောက်ရှိလာသဖြင့် ဦးချစ်သိန်းသည် နေအိမ်မှ ထွက်ပြေးခဲ့ရာ ရွာအပြင်ဘက် ယာခင်းသို့ရောက်ရှိစဥ် အကြမ်း ဖက်သမားမှ သေနတ်ဖြင့်ပစ်ခတ်ရာ သေနတ်ထိမှန်ပြီး လဲကျခဲ့ကြောင်း၊ လဲကျစဥ် အကြမ်းဖက် သမားများက ဓားဖြင့် ထပ်မံထိုးသွင်းခဲ့မှုကြောင့် ဦးချစ်သန်းမှာ ရရှိဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ