အထောက်ထားမဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားများအား CI ထုတ်ပေးသည့်စင်တာများကို ထိုင်းအစိုးရမှ အပြီးပိတ်သိမ်းတော့မည်

(နိုင်ငံတကာ) ဇူလိုင် ၂

အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် သက်သေခံလက်မှတ် (CI) ထုတ်ပေးသည့် စင်တာများကို လာမည့် ဇူလိုင်လ ၇ ရက်မှ စတင်ကာ အပြီးတိုင်ပိတ်သိမ်းမည်ဟု ထိုင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။

Cl စင်တာများမှာ ထိုင်းနိုင်ငံရောက် နိုင်ငံကူးလက်မှတ်မရှိသည့် မြန်မာနိုင်ငံသားများ တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့်ရရေးအတွက် လုပ်ဆောင်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း ဖွင့်လှစ်ထားဆဲ CI စခန်းများဖြစ်သည့် ထိုင်းနိုင်ငံတောင်ပိုင်းရှိ စူရက်ဌာနီနှင့် ဖုခတ်၊ ထိုင်းနိုင်ငံမြောက်ပိုင်းမှ ချင်းမိုင်၊ ထိုင်းနိုင်ငံအလယ်ပိုင်းမှ မဟာချိုင်နှင့် စမူပရာကန်၊ ထိုင်းအရှေ့ပိုင်းမှ ချွန်ဘူရီစသည့် စခန်း ခြောက်ခုကို ဇူလိုင် ၆ ရက်ထိသာ ဖွင့်လှစ်ခွင့်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအားအကြောင်းပြုကာ အကြမ်းဖက်မီဒီယာများ၊ အကြမ်းဖက်အားပေးထောက်ခံသူများမှမဟုတ်မမှန်သည့်သတင်းများ ကောလာဟလ ထုတ်လွင့်မှုများကြောင့် လူငယ်အမြောက်အမြား ထိုင်းဘက်ကိုရောက်ရှိနေကြောင်းမြန်မာရွှေ့ပြောင်းလုပ်သားတွေအရေး ကူညီဆောင်ရွက်ပေးနေသူများမှ ​ပြောသည်။

#PAN