သတင်းထုတ်ပြန်ချက်


ဇူလိုင် ၂ (ရုပ်သံ)

၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ ပါတီဆက်လက်တည်ထောင် မှတ်ပုံတင်ပေးပါရန် ရခိုင်အမျိုးသားပါတီ(Arakan National Party)၏ လျှောက်ထား ချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၇ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ် ခြင်းမရှိကြောင်းတွေ့ရှိရပါသဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် စုံညီအစည်း အဝေး အမှတ်စဉ် (၁၁/၂၀၂၄) ဆုံးဖြတ်ချက်အရ ယင်းပါတီ၏ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့တွင် နိုင်ငံရေး
ပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေပါ ပုံစံ(ဆ)ဖြင့် ငြင်းပယ်လိုက်ကြောင်းနှင့် ပါတီဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ကျန်အဖွဲ့များကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်အပ်ပါသည်။ ဟူ၍ ပါရှိပါသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN