ရွှေတောင်နယ်မြေရဲစခန်းအား အကြမ်းဖက် PDF အဖွဲ့က Drone ဖြင့် Drop Bomb ကြဲချတိုက်ခိုက်


(ပြည်တွင်း)ဇူလိုင် ၂

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ရွှေတောင်နယ်မြေရဲစခန်းအား ယမန်နေ့မွန်းလွဲ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က အကြမ်းဖက် PDF အဖွဲ့က Drone ဖြင့် Drop Bomb ၂ လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Drop Bomb ၂ လုံးအနက် ဗုံးသီး ၁ လုံးမှာ နယ်မြေရဲစခန်း ရုံးခန်း၏ အရှေ့တောင်ဘက် ၁၅ ပေခန့်အကွာတွင်လည်းကောင်း၊ ဗုံးသီး ၁ လုံးမှာ ရဲစခန်းအနောက်ဘက် လူနေလိုင်းခန်း၏ မြောက်ဘက် ပေ ၃၀ အကွာတွင်လည်းကောင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူ/အဆောက်အဦး ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ