မုံရွာမြို့နယ်၊ မြေနဲကျေးရွာနှင့် ခင်မွန်ကျေးရွာကြားမှ အကြမ်းဖက် PDF များ၏ လက်နက်ခဲယမ်းများဖော်ထုတ်ရှင်းလင်းရရှိ


(ပြည်တွင်း) ဇူလိုင် ၂

ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မြေနဲကျေးရွာနှင့် ခင်မွန်ကျေးရွာကြားတွင် အကြမ်းဖက် PDF များထောင်ထားသည့် မိုင်းများကို လုံခြုံရေးအဖွဲ့များမှ ဖော်ထုတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါ နေရာများမှ ဖော်ထုတ်ရှင်းလင်းရရှိသော အကြမ်းဖက်အဖွဲ့၏ လက်နက်ခဲယမ်းများမှာ လက်လုပ်ရှော့တိုက်ပြောင်း ၃ ခု၊ လက်လုပ်မိုင်း ၂၀ လုံး၊ ဘက္ထရီအိုး ၇ လုံး၊ ဝါယာကြိုး ၆ ခွေတို့ကို ဖော်ထုတ်ရှင်းလင်းသိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN