ပဲခူးမြို့တွင် ရေတင်စက်ပိတ်ရာမှ ၁၂ အရွှယ် ကိုရင်တစ်ပါးပျံလွန်တော်မူခဲ့


(ပြည်တွင်း) ဇူလိုင် ၂

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် ဇူလိုင်လ ၂ ရက်နေ့ မွန်းလွဲပိုင်းက ကိုရင်ငယ်တစ်ပါး ရေတင်စက်အားပိတ်ရာမှ ဓာတ်လိုက်သေဆုံးခဲ့ကြောင်းသိရသည်။

ဖြစ်စဥ်မှာ ပဲခူးမြို့၊ ကလျာဏီရပ်ကွက်၊ မဟာကလျာဏီသိမ်ကျောင်းတွင် ကိုရင်ရှင်ဣန္ဒြိယ (လူအမည်- ထက်မြတ်အောင်) သက်တော်(၁၂)နှစ်၊ ဝါတော်(၂)လသည် ကျောင်းဆောင်၏ဘေး ရေကန်အောက်ရှိ ရေစက်အားသွားပိတ်စဉ် ပလပ်ပေါက်ကြိုးမှာ သွပ်ပြားဟောင်းပေါ်သို့ပြုတ်ကျပြီး ကိုရင်မှာ မိုးရေများစိုရွှဲကာ သွပ်ပြားဟောင်းပေါ်တွင် မတ်တပ်ရပ်နေသဖြင့် ဓါတ်လိုက်ကာ ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

Webpage >>… /
https://positiveanglenews.com/2024/06/08/မြန်မာနိုင်ငံအတွင်း-အင်/

VK Link>>…
https://vk.com/wall-220066330_6598

Telegram>>…
https://t.me/positiveanglenews

PAN

PKL #SZ