“ထီဆုမဲပေါင်း ၁၃,၀၀၀ ကျော် လာမထုတ်သေးဟုဆို”

(ပြည်တွင်း) ဇူလိုင် ၂

ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲက ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်မှာ ဖွင့်လှစ်ခဲ့တဲ့ (၅၃)ကြိမ်မြောက် ကျပ် ၁,၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲက ထီဆုမဲ ၁၃,၃၀၆ ဆုကို လာရောက်ထုတ်ယူခြင်း မရှိသေးဘူးလို့ အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်ထားပါတယ်။

လာရောက်ထုတ်ယူခြင်းမရှိသေးတဲ့ ထီဆုမဲတွေ ထဲမှာ ကျပ်သိန်း ၂၀၀ တစ်ဆု၊ ကျပ်သိန်း ၁၀၀ နှစ်ဆု၊ ကျပ်သိန်း ၅၀  သုံးဆု ပါဝင်တယ်လို့ သိရပါတယ်။

အဆိုပါထီဆုမဲလက်မှတ်တွေကို ဇူလိုင်လ ၃၁ ရက်နောက်ဆုံးထားပြီး ရန်ကုန်နဲ့မန္တလေးမြို့တွေမှာရှိတဲ့ အောင်ဘာလေသိန်းဆုဌာနခွဲတွေမှာ ထုတ်ယူရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇူလိုင်လ ၃၁ ရက်အထိ ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

#PAN