ကော့ကရိတ်မြို့အတွင်းသို့ သောင်းကျန်းသူအဖွဲ့များပစ်ခတ်ခဲ့သည့် လျှော့တိုက်ဒုံးကျရောက်ပေါက်ကွဲ အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရ

(အကြမ်းဖက်မှု) ဇူလိုင် ၂

မြို့ကိုမီးရှို့ဖျက်ဆီးပြီး မြို့တွင်းမှာဝင်ရောက်အခြေချထားသည့် KNU လက်အောက်ခံ KNLA တပ်မဟာ ၆ နဲ့ PDF ပူးပေါင်းအဖွဲ့တွေကို တပ်မတော်စစ်ကြောင်းက ထိုးစစ်ဆင်မောင်းထုတ်ခဲ့ပြီးနောက် စစ်ရှောင်သွားကြသည့်ဒေသခံများ ပြန်လည်ဝင်ရောက်နေထိုင်နေကြပြီ ဖြစ်သည်။

ထိုကဲ့သို့ ဒေသခံများပြနိလည်ဝင်ရောက်နေထိုင်နေကြပြီဖြစ်သည့် ကော့ကရိတ်မြို့အတွင်းသို့ အကြမ်းဖက်သောင်းကျန်းသူများမှ ယနေ့ ဇူလိုင်လ ၂ ရက်နေ့ ည ၉နာရီ အချိန်ခန့်တွင် ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးမှာ ကော့ကရိတ်မြို့ အမှတ် ၃ရပ်ကွက် ဧည့်ရိပ်သာလမ်းရှိ ၀ပ်ရှော့အိမ်တွင်း ကျရောက်ခဲ့ပြီး ကျား၁ဦး၏ ပေါင်ကိုထိမှန်သွားခဲ့ကြောင်းသိရသည်။

#PAan