“SME လုပ်ငန်းရှင်များအတွက် စက်ရုံမြေ၊လုပ်ငန်းနေရာတိုကို သက်သာသောနှုန်းဖြင့် ငှားရမ်းရန် ဆောင်ရွက်နေ”

(ပြည်တွင်း) ဇူလိုင် ၁

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းအေဂျင်စီက SME ဥပဒေပုဒ်မ ၂၈ အရ SME စွန့်ဦး တီထွင်လုပ်ငန်းရှင်များအတွက် စက်ရုံများတည်ထောင်ရန် မြေ(သိုမဟုတ်)လုပ်ငန်းနေရာကို သက်သာသောနှုန်းထား နဲ့ ငှားရမ်းခြင်း ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲအစည်းများနှင့် ညှိနှိင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က ပြောကြားခဲ့ပါတယ်။


ဧရာဝတီတိုင်းဒေသကြီးအတွင်း စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်များ ဖွံဖြိုးတိုးတက်ရေးနှင့် ပတ်သက်တဲ့ ညှိနှိင်းအစည်းဝေးမှာ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ စက်မှုဝန်ကြီးဌာနက ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေ၊ ဘွိင်လာဥပဒေ၊ လျှပ်စစ်ဥပဒေ၊ SME ဖွံဖြိုးတိုးတက်ရေးဥပဒေ၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေနှင့် စက်မှုဇုန်ဥပဒေများကို အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ဝန်ကြီးဌာနတစ်ခု ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။


ဒါကြောင့် ဒေသဆိုင်ရာအစိုးရအဖွဲနှင့် ကော်မတီများအနေဖြင့် စက်မှုလုပ်ငန်း၊ စက်မှုဇုန်၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းကိစ္စများနှင့် ပတ်သက်ပြီး ချိတ်ဆက်ဆောင်ရွက်သွားနိုင်ကြောင်းလည်း သိရပါတယ်။
တိုင်းဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်းများ၊ စက်မှုဇုန်များ ဖွံဖြိုးတိုးတက်ရေးအတွက် ထုတ်ပြန်ထားတဲ့ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားခဲ့ပါတယ်။

#PAN