အောင်မြေသာစံရပ်ကွက်တွင် ယနေ့ည ၇ နာရီ ၁၀ မီးနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွား


(ပြည်တွင်း) ဇူလိုင် ၁

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ အ ကွက် (၁၃၄)၊ ၁၇ /၁၈လမ်းကြား၊ ၈၇ (ဘီ)လမ်းတွင် ယနေ့ည ၇ နာရီ ၁၀ မီးနစ်အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

၎င်း မီးလောင်ရာနေရာသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူးမှ ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် ၅ စီး၊ ရေသယ်ယာဉ် ၃ စီး၊ အုပ်ချုပ်မှုယာဉ် ၁ စီး၊ သန္ဓေတပ်ဖွဲ့ဝင် ၂၅ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၆၀ ဦးတို့ဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရာ ၇ နာရီ ၁၅ မီးနစ်အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ၇ နာရီ ၂၇ မီးနစ် အချိန်ခန့်တွင် လုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်အား စစ်ဆေးရာ ဦးဝင်းအောင်၊ အသက် ၆၀နှစ်၊ (ဘ)ဦးချစ်ရင် ပိုင်ဆိုင်သော ၂၀၊ ၃၀ ပေ RC(၂)ထပ်ခွဲ၌ သမီးဖြစ်သူ မဟေမာန်ဝင်းအောင်၊ အသက် ၂၇နှစ်၊ (ဘ)ဦးဝင်းအောင် မှ ဒုတိယထပ် ၈၊ ၁၀ ပေ အိပ်ခန်းအတွင်းရှိ မွေ့ယာပေါ်တွင် ဘတ္ထရီပန်ကာအားသွင်းထားရာမှ အပူလွန်ကဲပြီး အောက်ရှိမွေ့ယာပေါ်သို့ မီးကူးစက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် မွေ့ယာနှင့်အဝတ်အစားအနည်းငယ် မီးလောင်ဆုံးရှုံးခဲ့ပြီး စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး ၁၀၀၀၀၀ကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး၊ မီးပေါ့ဆစွာသုံးစွဲသူအား အမှတ်(၅)မြို့ မရဲစခန်းမှ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

#ZN