လမ်းဖြတ်ကူးလာသူ အမျိုးသမီးအား YBS ယာဥ်မှ တိုက်မိသဖြင့် သေဆုံး


(ပြည်တွင်း)ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်တွင် ညောင်တန်းမှတ်တိုင်အလွန် တာဝတိံသာလမ်းထိပ်အရောက်တွင် လမ်းဖြတ်ကူးလာသူ အမျိုးသမီးအား YBSယာဥ်မှ တိုက်မိသဖြင့် အခင်းဖြစ်ရာနေရာ၌ သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဇွန် ၂၈ ရက်နေ့ မွန်းလွဲ ၄ နာရီ ၂၀ မိနစ်အချိန်ခန့်က အောက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်ပန်းခြံဘက်မှ သီတာဆိပ်မှတ်တိုင်ဘက်သို့ ယာဉ်မောင်း ဦးမျိုးထက်၊ (ဘ)ဦးဝင်းမြ၊ (၃၈)ယာဉ်မောင်း၊ အမှတ် (၅၉၃)၊ မင်းရဲကောင်းပုံလမ်း၊ (၁၀၅)ရပ်ကွက်၊ ဒဂုံမြိုသစ်(တောင်ပိုင်း)မြို့နယ်နေသူ မောင်းနှင်လာသည့် YBS(၁၀၀)ယာဉ်လိုင်း၊ ယာဉ်အမှတ်(YGN-၂၂၊P-၅၈၉၀)၊ ယာဉ်အမျိုးအစား(HYUNDAI BUS)(အဖြူ/အစိမ်းရောင်)၊ ခရီးသည်တင် (ငှား)ယာဉ်သည် ညောင်တန်းမှတ်တိုင်အလွန် တာဝတိံသာလမ်းထိပ်အရောက်တွင် လမ်းဖြတ်ကူးသူ ဒေါ်နီနီဝင်း၊ (ဘ) ဦးမောင်ရွှေ၊ (၆၆)နှစ်၊ လျှပ်စစ် ဝန်ထမ်း(ငြိမ်း)၊ အမှတ်(၂၄)၊ နွယ်နီလမ်း၊ အမှတ်(၆)ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်နေသူအား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဒေါ်နီနီဝင်းတွင် ဝဲမျက်နှာကြေမွ စုတ်ပြဲ၊ ဝဲလည်ပင်းစုတ်ပြဲ၊ ယာခြေကျင်းဝတ်စုတ်ပြဲဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့သောကြောင့် အလောင်းအား ရဲဆေးစာဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရှင်သန်ခြင်းလူမှုကူညီရေးအသင်းယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း၊

ဖြစ်စဉ်နှင့်ပတ်သက်၍ လူ့အသက်အားသေဆုံးစေသည်အထိ ယာဉ်အားမဆင်မခြင်မောင်းနှင်ခဲ့သူ ယာဉ်မောင်း မျိုးထက်အား ပုဇွန်တောင်မြို့မရဲစခန်းမှ အမှုအမှတ်ယာဉ်(ပ) ၁/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ- ၃၀၄(က)၊ ၂၇၉ ဖြင့် အမှုဖွင့်ရေးယူဆောင်ရွက်ထားရှိပါကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN