မြစ်ကြီးနားမြို့၌ စိုးရိမ်ရေမှတ်ကျော်လွန်ပြီး ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လျက်ရှိ


(ပြည်တွင်း) ဇူလိုင် ၁

ကချင်ပြည်နယ်တွင် နှစ်ပေါင်း ၂၀ တွင် ပထမဆုံးအကြိမ်အဖြစ် မြစ်ကြီးနားမြို့၌ စိုးရိမ်ရေမှတ်ကျော်လွန်ပြီး ရေဝင်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လျက်ရှိကာ ကယ်ဆယ်ရေးများလုပ်ဆောင်နေသော်လည်း အရေးပေါ်အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

ယနေ့ နံနက် ၉ နာရီ ၃၀ နာရီချိန်ခန့် နောက်ဆုံးတိုင်းတာချက်အရ စိုးရိမ်ရေအမှတ်အထက် ၁၃၃၀ စင်တီမီတာသို့ရောက်ရှိနေပြီး တစ်နာရီလျှင် ၇ စင်တီမီတာ ၃ လက်မနှုန်းဖြင့် ဆက်လက်ရေမြင့်တက်နေကြောင်း သိရှိရသည်။

မြေနိမ့်ပိုင်းနှင့် ဧရာဝတီမြစ်ကမ်းနားတစ်လျောက်ရှိ ရပ်ကွက်များဖြစ်သော လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ မြို့သစ်ကြီး၊ ဂျန်မိုင်ကောင်း၊ မြေမြင့်ကွက်သစ်၊ မန်ခိန်၊ စီတာပူ၊ ကချင်စု၊ ကျွန်းပင်သာ၊ ရွှေညောင်ပင်၊ အေးစေတီ၊ ရမ်ပူစသည့်ရပ်ကွက်များတွင် ရေဝင်ရောက်နေပြီး ပိတ်မိနေသူများရှိသောကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်ပေးရန် အထူးလိုအပ်နေကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

#ZN