“ဘယ်လာရုစ်က ယူကရိန်းနှင့်နယ်စပ်တွင် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များကို ထပ်မံဖြန့်ကြက် ချထား”

(နိုင်ငံတကာ) ဇူလိုင် ၁

ဘယ်လာရုစ်တပ်မတော်သည် နိုင်ငံ၏အရေးကြီးအဆောက်အအုံများ တိုက်ခိုက်ခံရခြင်းမှကာကယ်နိုင်ရေး အတွက် ယူကရိန်းနယ်စပ်တွင် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များကို ထပ်မံဖြန့်ကြက်ချထားလိုက်‌ကြောင်း သိရသည်။

ယူကရိန်းဘက်က ဒရုန်းအသုံးပြုမှုမြင့်တက်လာစဉ် ယခုကဲ့သို့လုပ်ဆောင်ရခြင်းဖြစ်ကြောင်း နှင့် မျက်မြင် အကဲကြည့်စခန်းအရေအတွက်ကိုလည်း တိုးမြှင့်ထားကြောင်း ဘယ်လာရုစ် စစ်ဘက်တာဝန်ရှိသူ တစ်ဦး ဖြစ်သည့် ဆီဗျာရင်ချစ် က ဇွန်လ ၂၉ ရက်တွင် ပြောသည်။

 အလားတူ တောင်ပိုင်းနယ်စပ်တစ်လျှောက်ကို လွှမ်းမိုးနိုင်စေမည့်သတ်မှတ်နေရာအသီးသီးတွင် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များကို ထပ်မံဖြန့်ကြက်ချထားကြောင်း ၎င်းက ဆက်ပြောသည်။

တစ်ချိန် တည်းမှာပင် ယူကရိန်းတပ်ဖွဲ့များသည် ဘယ်လာရုစ်နှင့်နယ်စပ်ရှိ ယူကရိန်းနိုင်ငံမြောက်ပိုင်း၌ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များကို တိုးမြှင့်ဖြန့်ကြက်ထားကြောင်း ဆီဗာရင်ချစ် က ပြောသည်ဟု Sputnik သတင်းဌာန ဖော်ပြချက်အရ သိရသည်။

#PAN