“ပဲရစ်အိုလံပစ်ပြိုင်ပွဲရဲ့ သေနတ်ပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ဗြိတိန်သေနတ်ပစ်မယ် အမ်ဘာရတ်တာ”

(အားကစား) ဇွန် ၁

ဗြိတိန်သေနတ်ပစ်အသင်းရဲ့ အားထားရတဲ့ အားကစားမယ် အမ်ဘာရတ်တာ ဟာ လာမယ့် ပဲရစ်အိုလံပစ် ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်လို့ ပျော်ရွှင်မိတယ်လို့ ပြောကြားလိုက်ပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပခဲ့တဲ့ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ကျန်းမာရေးအခြေအနေကြောင့် ဝင်မပြိုင်နိုင်ခဲ့တဲ့ ရတ်တာ ဟာ လက်ရှိမှာ ကလေးမွေးဖွားပြီး ၃ လသာ ကြာသေးတာဖြစ်လို့ ပဲရစ်အိုလံပစ်ကိုလည်း လွဲချော်ရမယ့် အနေအထားနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဒါပေမဲ့ ရတ်တာ ရဲ့ ကျန်းမာရေးအခြေအနေက ကောင်းမွန်နေတာကြောင့် လေ့ကျင့်မှုတွေကိုလည်း အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တာဖြစ်လို့ အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ၂၀၁၆ ရီယိုအိုလံပစ်မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ရတ်တာ အတွက် ဒုတိယအကြိမ်မြောက် အိုလံပစ်ပြိုင်ပွဲအဖြစ် လာမယ့် ပဲရစ်အိုလံပစ်ကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ရတ်တာဟာ ဥရောပချန်ပီယံရှစ် သေနတ်ပစ်ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ၄ ကြိမ်အထိ ရယူထားနိုင်ခဲ့တာ ဖြစ်ပြီး ပဲရစ်အိုလံပစ်မှာလည်း ဗြိတိန်အတွက် ဆုတံဆိပ်ရယူပေးနိုင်ဖို့ကို မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။

#PAN