တောင်စွန်းကျေးရွာအုပ်စု ၊ ဘုရင်နောင်ရပ်ကွက်ရှိ စစ်ပြန်ရေခဲရောင်းဝယ်ရေးဆိုင်အတွင်းသို့ လက်ပစ်ဗုံးဖောက်ခွဲခံရမှုဖြစ်ပွား


(ပြည်တွင်း) ဇူလိုင် ၁

တောင်စွန်းကျေးရွာအုပ်စု ၊ ဘုရင်နောင်ရပ်ကွက်ရှိ စစ်ပြန်ရေခဲရောင်းဝယ်ရေးဆိုင်အတွင်းသို့ လက်ပစ်ဗုံးဖောက်ခွဲခံရမှုဖြစ်ပွား


(ပြည်တွင်း) ဇူလိုင် ၁

ယနေ့ ည ၇ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာအုပ်စု၊ ဘုရင်နောင်ရပ်ကွက်ရှိ စစ်ပြန် ရေခဲရောင်း ဝယ်ရေးဆိုင်အတွင်းထဲသို့ အကြမ်းဖက် PDF အဖွဲ့မှ လက်ပစ်ဗုံး ၁ လုံးပစ်ပေါက်ဖောက်ခွဲခဲ့ကြောင်း သိရသည်။

ထို့အတူ တောင်စွန်းရဲစခန်းအရှေ့လမ်းကြားတွင်လည်း အကြမ်းဖက် PDF လူငယ် ၂ ဦးသည် ဆိုင်ကယ် ၁ စီးဖြင့် စီးနင်းလျှက် လက်နက်ငယ်ဖြင့် ၃ ချက်ပစ်ဖောက်ခဲ့ပြီး ကျုံကမိစုဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ရေခဲရောင်းဝယ်ရေးဆိုင်အတွင်းသို့ ပစ်ဖောက်ခွဲသည့် လက်ပစ်ဗုံး‌ပေါက်ကွဲမှုကြောင့် လမ်းသွားလမ်းလာ‌နေသူ ၁ ဦး ဗုံးစထိမှန်ခဲ့ကြောင်းသိရပြီး နောက်ဆက်တွဲအခြေအနေကို ဆက်လက်စုံးစမ်းလျှက်ရှိကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN