စဥ့်ကူးမြို့ပေါ်သို့ အကြမ်းဖက် PDF များက Drone ဖြင့် Drop Bomb ကြဲချတိုက်ခိုက်မှုကြောင့် ဝတ်ပြုနေသော ခရစ်ယာန်ဘာသာဝင် ၂ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိ


(ပြည်တွင်း) ဇူလိုင် ၁

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ခူလယ်ကျေးရွာနှင့် ကြက်ဖြူတောင်ကျေးရွာကြားနေရာမှ အကြမ်းဖက် PDF သောင်းကျန်းသူအဖွဲ့သည် ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က Drone ၅ စီးဖြင့် စဉ့်ကူးမြို့ပေါ်သို့ Drop Bomb ၈ လုံး လာရောက်​ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၎င်းဗုံးသီး ၈ လုံးသည် စဉ့်ကူးမြို့၊ အမှတ်(၂)ရပ် ကွက်ရှိ စီမံကိန်းရုံးဝင်းနှင့် ကျေး/လက်ဦးစီးဌာနရုံးဝင်း၏ မြောက်ဘက်ရှိ တာဘောင်ဘေးတွင် ၂ လုံး၊ (စရဖ)ရုံးဝင်း၏ အပြင်ဘက်ခြံစည်းရိုးတစ်လျောက်တွင် ၃ လုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးဝင်း၏ အပြင်ဘက် အနောက်မြောက်ဘက်ဒေါင့်တွင် ၂ လုံးနှင့် ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းဝင်းအတွင်း၌ ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

အဆိုပါ ကြဲချတိုက်ခိုက်ခဲ့သော ဗုံးသီး ၈ လုံးအနက် ဗုံးသီး ၇ လုံး ပေါက်ကွဲမှုကြောင့် တစ်စုံတစ်ရာ ပျက်စီး/ထိခိုက်မှု မရှိခဲ့သော်လည်း ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းဝင်းအတွင်းရှိ အဆောက်အဦဘေး ကပ်လျက်တွင် ဗုံးသီး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့​မှုကြောင့် အဆောက်အဦးအတွင်း ဝတ်ပြုနေသူများအနက် ပြည့်ဝထူး၊ အသက် ၂၁ နှစ်၊ ညီဖြစ်သူ သူရိန်ထူး၊ အသက် ၁၃ နှစ်တို့ ညီအစ်ကိုနှစ်ဦး (မစိုးရိမ်ရ)ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး စဥ့်ကူးမြို့ ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသထားကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ