ဂျာမဏီနိုင်ငံမှ လက်နက်တင်ပို့ရောင်းချမှု များပြားလာ

(နိုင်ငံတကာ) ဇူလိုင် ၁


ဂျာမဏီနိုင်ငံ၏ လက်နက်တင်ပို့ရောင်းချမှုသည် ကာလတူ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် ၃၀ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ကြောင်းသိရသည်။


ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ဂျာမဏီစီးပွားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်အရ ယခုနှစ်တွင် အနည်းဆုံး ဒေ်လာ ၈ ဘီလီယံဖိုး ရောင်းချရန် သဘောတူညီနိုင်ခဲ့ကြောင်းသိရသည်။


ဂျာမဏီသည် ယူကရိန်းသို့ လက်နက်ခဲယမ်းများ ကြီးကြီးမားမားတင်ပို့မှုများကြောင်း ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၁၃ ဘီလီယံအထိ စံချိန်တင်ရောင်းရခဲ့ပြီး ကန့်သတ်မှုများ ဖြေလျှော့ထားသည့် ဆော်ဒီအာရေဗျသို့ တင်ပို့မှုကြောင့် ရောင်းအားကောင်းလာခြင်းဖြစ်သည်။


ဂျာမဏီ၏ အဓိပတိ Olaf Scholz သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ပဋိပက္ခဒေသများသို့ စစ်ဘက်ဆိုင်ရာပို့ကုန်များ တားဆီးရန် ကတိပြုခဲ့သော်လည်း လက်ရှိအခြေအနေကို ဆက်လက်လုပ်ဆောင်နေဆဲဟု နိုင်ငံတကာမီဒီယာများက ရေးသားဖော်ပြနေကြောင်းသိရသည်။

PAN