“WTA ဖိုင်နယ်ပွဲအတွက် ဒါရိုက်တာအဖြစ်ခန့်အပ်ခံခဲ့ရတဲ့ မူဂူရူဇာ”

(အားကစား) ဇွန် ၃၀

ဝင်ဘယ်ဒန်နဲ့ ပြင်သစ်အိုးပင်းချန်ပီယံဟောင်း စပိန်တင်းနစ်မယ် မူဂူရူဇာ ကို WTA ဖိုင်နယ်ပြိုင်ပွဲရဲ့ ဒါရိုက်တာ အဖြစ် ခန့်အပ်လိုက်တယ်လို့ ဇွန်လ ၂၇ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

တင်းနစ်ရာသီအကုန်မှာ ကမ္ဘာ့အဆင့်ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အမျိုးသမီးတင်းနစ်မယ် ၈ ဦးတို့ ပါဝင် ယှဉ်ပြိုင်မယ့် WTA ဖိုင်နယ်ပြိုင်ပွဲကို ဆော်ဒီနိုင်ငံ၊ ရီယာ့ဒ်မြို့မှာ ကျင်းပဖို့အတွက် ၃ နှစ်စာချုပ် ချုပ်ဆိုပြီးနောက် မူဂူရူဇာ ကို ပြိုင်ပွဲဝင်ဒါရိုက်တာအဖြစ် ခန့်အပ်မှုထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် မူဂူရူဇာ ဟာ WTA ဖိုင်နယ်ပြိုင်ပွဲဒါရိုက်တာအဖြစ် ခန့်အပ်ခြင်းခံရတဲ့ ပထမဆုံးကစားသမား ဟောင်းလည်း ဖြစ်လာခဲ့ပါတယ်။ မူဂူရူဇာ အနေနဲ့ ဆော်ဒီနိုင်ငံအတွင်း တင်းနစ်အားကစား ပိုမိုတိုးတက်လာရေး အတွက် အစီအစဉ် ရေးဆွဲပေးမှုတွေအပြင် မျိုးဆက်သစ် အမျိုးသမီးတင်းနစ်မယ်တွေ ထွက်ပေါ်လာဖို့အတွက် အစီအစဉ်ချမှတ်မှုတွေ လုပ်ဆောင်ပေးရမှာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့အဆင့်(၁)ဟောင်းလည်းဖြစ်တဲ့ မူဂူရူဇာဟာ ပြီးခဲ့တဲ့ ဧပြီလကမှ ကစားသမားဘဝကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။

#PAN